Sunday 27 May 2012

သတင်းကွန်ယက်: ပီနန်မြို့မှ မောင်ဇင်အောင်စိုး၏ ကျန်းမာရေး စောင့်ေ...

သတင်းကွန်ယက်: ပီနန်မြို့မှ မောင်ဇင်အောင်စိုး၏ ကျန်းမာရေး စောင့်ေ...: ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသော မောင်ဇင်အောင်စိုးသည် အလုပ်မှ ဆိုင်ကယ်စီး၍ြ...

Thursday 24 May 2012

အခါမှီ မိုးရဲ့  ခပ်ဖျော့ဖျော့ခြေရာ



ထွက်သွားတာပဲ ဖြစ်ဖြစ်...
ချန်ခဲ့တာပဲ ဖြစ်ဖြစ်...
သံယောဇဉ်အမြစ်တွယ်မှုအကြောင်း
နင်ရယ်ငါ ကောင်းကောင်းသိခဲ့ကြတယ်

တရားဝင်မဟုတ်တဲ့ နေ့ စွဲတွေကိုမှ
ချစ်သူများအဖြစ် ပြဌာန်း
ပေးအယူမျှတဲ့ မေတ္တာတွေက
ငါတို့ နှစ်ဦးရဲ့ နောက် အဖြူဖြူသက်သက်
ကြွင်းကျန်ရစ်နေဆဲပါ

ဘဝက ဘဝပဲလေ
စိတ်ကူးယဉ်အချစ်ဆိုတာ
ရနံ့ သင်းသင်းပန်းတစ်မဟုတ်သလို
ဆေးရောင်ခြယ် ပန်းချီကားတစ်ချပ်မဟုတ်တာ
နင်ရောငါပါ အတိလင်းသိထားကြတယ်

တာရှည်မဟုတ်တဲ့ ချစ်ခြင်းတစ်ခုကို
မျှော်လင့်ချက်ပါပါ မျက်ရည်တွေနဲ့ 
ရင်ခုန်သံမိုးပြီး တည်ဆောက်ခဲ့ကြတယ်
တစ်ချက်တစ်ချက် အသက်ပါပါ
နင်ရောငါရောပြုံးခဲ့ကြတယ်
တူညီတဲ့ ရင်ခုန်သံတွေ စည်းချက်လိုက်ရင်
လောကကြီးကို ခဏမေ့ခဲ့ကြတာမဆန်းပါဘူး

ဒါပါပဲဟာ...
ဘဝရဲ့ ခဏတာတွေ..
မျှော်လင့်ချက်ဆိုတာ မျှော်လင့်ခွင့်မရတော့အချိန်
နင်ရောငါရော အိပ်မက်ခေါက်သိမ်း
ခေါက်ရိုးကျိုးရင်ခုန်သံတွေဆန့် လို့ 
တစ်လမ်းစီလျှောက်ခဲ့ကြတယ်

လားရာမတူ အခြေခံချက်တွေမှာ
ဒဏ်ချက်နဲ့ ပြည့်နှက်နေလည်း
နင်ရောငါရော ကျန်တစ်ဖက်နှလုံးသားကိုယ်စီနဲ့ 
ဘဝကို မမေ့ပျောက်သင့်ပဲ မေ့ဖျောက်ထားရမှာပါပဲ။       ။

                                                             လေလွင့်လူ(ကမာမြေ)
                                                              ၂၅-၅-၁၂(၁:၁၂)

Tuesday 15 May 2012

တည်မြဲခြင်း ပုံပြင်စားကြွင်း




ဘာမှလည်း မမြဲဘူး...

မုန်တိုင်းကြား တွဲလက်တစ်စုံ
လေဆန်အောက် ခိုဝင်နားခိုက်
ကြယ်ကြွေ ညဥ့်နက်နက်ရဲ့ 
ရှိုက်သံတွေ အမှီပြုရင်း
အလှပဆုံးတေးသွားတွေ အပြိုင်ခူးဆွတ်ခဲ့ကြတယ်....။

ဖန်သားပြင်လိုလို ပုံရိပ်ကောက်ကြောင်းမှာ
ရင်ခုန်သံနဲ့  ဆွဲကြရင်း
တစတစအက်ကွဲကြောင်းကို ပြန်ဆက်ယူဖို့ 
အားအင်တွေ ဆယ်ယူနေဆဲ......
ငါတည်ဆောက်ချင်တာ
ခမ်းနားတဲ့နန်းတော်တစ်ဆောင်လည်း မဟုတ်သလို
ကြီးမားတဲ့ မြို့ ပြတစ်ခုလည်း မဟုတ်ဘူး..
မင်းလက်ကိုသာ မြဲမြံဆုတ်ကိုင်ရင်း
တစ်လမ်းတည်းသာ ဦးတည်သွားချင်တာ..။

ရင်ခုန်သံအစပြု ဗလာဖြစ်စဉ်တွေ
ဝေးလွင့်ပဲ့ကြွေ အခြေမတည်တော့တဲ့နောက်
ကောက်ကောက်ပါ စွဲလမ်းမှု
ရှေးရှု့ မပျောက်ကွယ်နိုင်လောက်အောင်
စူးနစ်ကျွံကျန် နာမ်ရုပ်တစ်ခုတည်းကြား
နေ့ ရက်တွေ ရွေ့ လျားနေလည်း 
မလုံလောက်သေးဘူး...။

တဖြေးဖြေးခြင်း...
စိတ်ကူးတွေ တိမ်မြှပ်လွင့်မျော...
 ဖြစ်စဉ်တွေ ကြွေကျတိမ်ပါး...
အိပ်မက်တွေ အလင်းဖျော့ဖျော့ကြားက
မင်းလက်တစ်စုံကို ကမ်းလင့်ရင်းက.......

ဘာဆို...
ဘာမှလည်း မမြဲဘူး.........။                 ။


                                                          လေလွင့်လူ(ကမာမြေ)

Thursday 10 May 2012

လေလွင့်ရဲ့  ရိုက်မိရိုက်ရာ အခြာခြာ...

                                       " မြန်မာရွာ"    စားသောက်ဆိုင်                                                  (kuala                                                              Lumpur) အဆင်းရိုက်လိုက်တာ :Pဘေးကပ်လျက်မှာ                                            မြန်မာဆိုင်တွေအများကြီးပဲ:)

                                     ဒါက မျက်နှာစာက လျှပ်တပြတ်သေချာရိုက်ချက်:P

                                  လမ်းကြောင်းရှာရင်း ဦးတည်ရာ ရိုက်ချက်!

                                   အဆောင်မှာ တည်ထားကိုးကွယ်ထားတဲ့ မြတ်ဗုဒ္ဓ *****

                                            လမ်းကြောင်းရှာတွေ့ သွားပြီး:p

                                      တဖြည်းဖြည်း ဦးတည်ရာနီးလာပုံ????

                              မီးပွိုင့်လွှတ်နေတာကို ရပ်စောင့်ရင်း အဲ့လိုရိုက်လိုက်သည်။

                                    ကားလမ်းကူးလို့ ရတော့လည်းရိုက်တာပါပဲ...


 တွေ့ ပါပြီး ဦးတည်ချက်ပစ်မှတ်ဆီ..

                             kL China Town ထဲ လျှောက်ရင်း ခပ်သွတ်သွတ်ရိုက်ချက်!

                                    ဝယ်သူရောင်းသူ စည်းကားတဲ့ တရုတ်တန်း...

 ဝယ်ဖြစ်လိုက်တယ် ဘိနပ်တစ်ရံတော့...(ဈေးပေါတယ် ရောင်းတဲ့သူကမြန်မာပဲ ပြောနေတာတွေကတော့
တရုတ်စကား၊အင်္ဂလိပ်စကား ကျွန်တော်တို့ နားမလည်မှန်းသိလို့ ထင်တယ် မြန်မာလိုပြောပေးတယ်):p

                                            ဘိနပ်ဝယ်နေရင်း ရိုက်ချက်!

                                       ဘာလဲတော့မသိဘူး ရိုက်လိုက်တာပဲ:p

မင်းသားတော့မဟုတ်လောက်ဘူး သူငယ်ချင်းပုံလေးပါ:p

Wednesday 9 May 2012

ပေါင်းကူး



"ကိုယ်ထင် ကုတင်ရွှေနန်း"တဲ့....

မရင့်ကြတ်သေးတဲ့ ကျွန်တော်ဘဝရယ်

အဖြစ် အပျက်တွေကြား သံသရာလည်..

ဆယ်ရင်း မျော၊လှော်ရင်း နစ်
အချစ်နဲ့  ကာမဂုဏ်၊ အာရုံတွေ အနှောနှော
အနိမ့်အမြင့် တွယ်ရာမဲ့ လေတံခွန်တစ်စင်းလို
နိမ့်ပင်လျင်လည်းနိမ့်၊မြင့်ပင်လျင် မြင့်
လေတိုက်ဒဏ် မစင်တဲ့
ကွက်လပ်ရယ် ခေါင်းစဉ်တွေကြား 

တခါတခါ စည်းဝါးညီညီ အသက်ရှုသံတွေ..

တခါတခါ စည်းဝါမညီ ထွက်သက်တွေ..

ဘာကိုမှအလျင်မှီ ဆုတ်မကိုင်နိုင်ခင်လေးမှာ
တစ်ရစ်ရစ်တက်လာနေတဲ့ သက်တမ်းနဲ့ နောက်ပါတွေက
တစ်နေ့ တစ်နေ.. 
ငါ့ဇီဝကိုခြွေဖို့ ပဲ ခြိမ်းခြောက်နေတယ်...

                                                လေလွင့်လူ(ကမာမြေ)

Friday 4 May 2012

ငါနဲ့ အွန်လိုင်း၊ အွန်လိုင်းနဲ့ ငါ



ငွေ(၃၀၀)ကျပ်နဲ့  ဖင်ပူအောင်မထိုင်ခဲ့ရသမျှ
ဟောဒီ နိုင်ငံရပ်ခြားမှာ
ငွေ(၃)ကျပ်နဲ့  (၂၄)နာရီအကြိုက်သုံးရတဲ့ အွန်လိုင်း..
ပေါလိုက်တဲ့ Laptop...
ဘယ်တော့မှ မပျက်တဲ့ မီး..
Boardband ကိုတပ်
ကွန်ပျူတာ(၂၄)နာရီမရပ်လို့ 
"အချိန်မှန် အိပ်၊အချိန်မှန် စား"
(ဟာ..  သွားစမ်းပါ)
ဒီစကား ငါ့ဘက်တော့ နားအတော်ခါး
အစပိုင်းတော့ ကောင်းပါတယ်
ဗဟုသုတနဲ့  တရားဆိုဒ်
အာရုံတော့ အတော်စိုက်မိသား...

သိပ်မကြာခင် လူ့ စရိုက်
အသေချာကို ပြောင်းလာတယ်
အွန်လိုင်းတစ်ခွင် ခရီးနှင်လို့ 
ဟိုလူ Add၊ ဒီလူ Add
chating ဇာတ်နဲ့  နေ့ ညမကွဲ
အိမ်ဆိုတာလည်း ငွေမလွှဲ
မမှန်တော့တဲ့ အလုပ်တက်ချိန်
ပျက်ရက်ဆိုလည်း များလာတယ်...
ငဖြူကို ငမဲပြော၊ငညိုက ငနီဖြစ်
လုပ်ဇာတ်ခေတ်မှာ အပျော်ကျူး
အအိုက အပျိုဖြစ်၊ ပျိုမျစ်နေကြတာ
မုသားဝါဒနဲ့  ကာမေသုတရား
ခပ်ဝါးဝါးလည်း မထင်နိုင်တော့
ဘာတဲ့...
အွန်လိုင်းအချစ်..
အဆန်းသစ်လို့  အမှန်အမှားကြား
အလိမ်အညာပေါ  လောကအလည်
ဟုတ်ရင်မရှက်နဲ့ ..
ငါလည်းပဲအမှားယွင်း လူတစ်ယောက်
လမ်းကောက်ရင် လမ်းဖြောင့်ရှာ
မရေရာ ကောက်ချက်တွေနဲ့ 
ဘယ်လိုယုံကြည်မှုတွေ အသားပေးလို့ 
ဇာတ်လမ်းက ဘာအတွက်ရေးမှာလဲ.. 
"မှန်ပါတယ်"ဆိုတဲ့စကား
သဲ့သဲ့လေးတော့ ကြားဖူးတယ်.....

(သူများအကြောင်းလည်းမပြောတတ်ပါ..စပ်မိစပ်ရာ ဘာညာကွိကွ!)
                                      လေလွင့်လူ(ကမာမြေ)