Tuesday, 10 January 2012

ဝင်ချိန်စောတဲ့နေ



ငါ့ ကိုမှကြည့်လို့ မရတဲ့  နင်
နင့် ကိုမှကြည့်လို့  မဝတဲ့  ငါ
နှစ်ဦးကြားပြိုင်မျဉ်းနှစ်ကြောင်း ဘယ်တော့မှမဆုံဘူးလို့ 
နင် ပြောခဲ့ပေမဲ့
“အချစ်”ဆိုတာတဲ့အရာ တစ်နေ့ တစ်ချိန်ဆုံနိုင်ကောင်းတယ်လို့ 
ငါ့ အတွက်မျှော်လင့်ခြင်းဆိုတာတွေ မယိုင်လဲခဲ့ဘူး

ငါ့ အတွက်ဆို ပစ္စုပ္ပန်ကို
အခါခါရိုက်ဖျက်နေတတ်တဲ့ နင်
နင့် အတွက်ဆိုအနာဂတ်တွေအကြိမ်ကြိမ်တည်ဆောက်နေတဲ့ငါ
“အချစ်”ကြောင့်မသေလောက်ပါဘူးလို့ နင်ပေးခဲ့တဲ့ဥပ္ပက္ခာတွေ
ငါ ကျေနပ်ခဲ့တယ်
“အချစ်”ကြောင့်တော့မသေနိုင်ပေမဲ့ 
ငါ သေလောက်အောင်တော့နင့် ကိုချစ်တယ်

နင့် မျက်စောင်းတွေ ငါခံနိုင်တယ်....
နင့် ပြတ်လုံးတွေ ငါခံနိုင်တယ်....
နင့် ဥပ္ပက္ခာတွေ ငါခံနိုင်တယ်....
နင့် အတွက်ဆိုရင် တုန့် ပြန်မှုအားလုံး ခံနိုင်ရည်ရှိပါတယ်

ဘာကြောင့်လဲ.....
နင် နဲ့ ပတ်သက်တဲ့ နှုတ်ဆက်ခြင်းဆိုတာတွေတောင်
နောက်ဆုံး ငါ မရနိုင်ခဲ့တာ
တုန်ခါနေတဲ့ ဟောဒီ့ရင်ဘတ်အတွက်
“ရက်စက်တယ်”ဆိုတဲ့ စကားလုံးကို
ငါ နင့်အတွက်ယူမသုံးရက်ပါဘူး

အခုတော့-
ငါ့ အိမ်မက်တွေ ပျက်သုဉ်း
မျှော်လင့်ချက်ဖရိုဖရဲတွေနဲ့ 
ငါ့ နှလုံးသားကို ငါ
အကြောင်းပြချက်ပေးဖို့  စကားလုံးရှာမရသေးဘူး

ဘာကြောင့်ဖြစ်ဖြစ်....
တခြားတစ်ယောက်ကိုချစ်သွားတဲ့ နင်
ငါ....
အပြစ်မတင်ပါဘူး
ကံကိုလည်းမရိုးခဲ့ပါဘူး
တကယ်တော့-
“အချစ်”ဆိုတာ ငါ့ အတွက်တော့
နေဝင်ချိန်တွေ စောခဲ့တာပါ      ။          ။
                                                     
                                                   လေလွင့်လူ(ကမာမြေ)   

1 comments:

aung lin said...

အမြဲတမ်းအားပေးနေတယ်နော် အစ်ကို. . .ဒီကဗျာကို share ယူသွာပြီးနော် အစ်ကို. . .

လေးစားလျက်ပါ

Post a Comment