Wednesday, 4 January 2012

ဆုံမှတ်မှားတဲ့ ဆုံချက်

           
ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေခဲ့တာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
၂၃ တိမ်စောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...


မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....
ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ...
                                                    
                                                                       လေလွင့်လူ(ကမာမြေ)

1 comments:

ရစ်မ said...

အဟမ်း!!!!
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...
တဲ့... မိုက်တယ်ကွာ
"လွမ်းလို့ မသေနိုင်ပေမယ့် .. သေလောက်အောင်လွမ်းတယ်ကွာ"
ဆိုတာထက် မိတယ်..လေလွင့်လူက တော့ အသေရယ်ရတယ်ကွာ..........။

Post a Comment