Thursday 12 January 2012

“စိမ်းသည်နှယ်”

         

သခင်ရယ်
ပူမီးရယ်ဗျာခွေ ဖြေမဆည်ပြေမညှိုး
သင့်ခဲ့လေပေါ့ အလွမ်းတွေ
ကာလရှည် အခန်းဆက်က
ဒီမောင် ပန်းလှပြီ။

သခင်ရယ်
မမြင်လည်းလွမ်း  မြင်လည်းလွမ်းမို့ 
ရင်ကွဲခန်းတွေ မပြိုအောင်မိုး
သခင့်ထံအား မငြိုးရက်ပါ
ဒီမောင်မှာသာ ခံယူပါ့မယ်။

သခင်ရယ်
ရင်တွင်းမွေးဖွား အချစ်များသည်
ဖြစ်တည်ကာမရ ကြွေပျက်ကယ်သုန်းတိုင်
သခင်တည်းသာပိုင်ဆိုင်ပါတယ်။

သခင်ရယ်
ရူးသွပ်အောင် ချစ်တဲ့သူကိုမှ
နှုတ်ဆက်ခြင်း ကင်း
ခပ်စိမ်းစိမ်းတိမ်း ဖယ်ရှောင်ကာသွားလေတော့
ဒီမောင်အတွက် သင့်တဲ့အချစ်ဒဏ်
(သိပ်ကို)ပြင်းထန်လှပါတယ်သခင်။     ။
                                                 
                                           လေလွင့်လူ(ကမာမြေ)

1 comments:

Anonymous said...

ဆိုဒ်ကိုလည်းလာလည်ပါတယ်
ကဗျာတွေလဲ အမြဲအားပေးပါတယ်
သူငယ်ချင်း.........။

Post a Comment