Tuesday 10 January 2012

တမ်းခြင်းထက်ကအလွမ်း



ရင်ခွင်လွှာ ရှောင်ခွာပြေးသူရယ်....
လွမ်းသူ့ အိပ်မက်အလင်္ကာကို  ညကမ္ဘာအမှောင်ယံက
ထီးကျန်သူအိပ်မက်တွေကြား
ကြယ်တစ်မှုန့် တောင်မရှိနေခဲ့ ပါလား.......။

ထီးမိုးချင်တာ ကြီးစိုးပါတယ်ဆိုတဲ့  စွဲချက်
ကွဲအပ်သွားတဲ့  ရင်ခွင်လွှာ
တမင်တကာမဟုတ်မှန်းတော့ သိပါတယ် 
အကြည့်မမှန်လို့  ထိမှန်ကြေးဆိုရင်
ယူယမှုတွေကိုတော့ မစတေးလိုက်ချင်ဘူး...........။

မလိုချင် နဂိုအရင်ကတည်းက ပစ်လိုက်ပါတော့လား
ခံစားချက်မကုန်ခမ်း ပုံအမ်းကာထားပြီးမှ
အတားဆီးများ ခါးသည်းတာ
အစကတည်းကလို့  ထပ်မဆင့်ချင်တော့ဘူး
အကြိမ်ကြိမ်ထိန်းပါလျက် တိမ်းပါးခဲ့ရ အချစ်တစ်ခုအတွက်
ငဲ့ ကွက်တွေဆိုရင် ချန်မထားနဲ့  ယူသွားလိုက်ပါ.........။

ပြုစားလိုက် ကုစားလိုက် 
အရောင်ဖျော့ဖျော့ အနမ်းတွေက
တုန်ခါနေတဲ့ ရင်တစ်ခုလုံး  ရပ်တန့် စေခဲ့ တာလား.........။

တကယ်တော့.....
အပျင်းပြေ စီးဆင်းခြင်း သံယောဇဉ်တွေကို
တားဆီးတတ်အောင် ရင်ဘတ် မဲ့နေမှုကြောင့်
သတိရတိုင်း ပြုံးမိရင် ခံစားချက်ရဲ့ နာကျင်ခြင်းပဲ
အကြိမ်ကြိမ် တိုက်စားခံခဲ့ ရတယ်............။

ဒါပေမဲ့ .....
အရာအားလုံးကို ငါ မတွေး ဖြစ်ပါဘူး
မင်း ကိုချစ်မိခဲ့တဲ့ ရလဒ်ဆိုတာ ဆုပ်ကိုင်ရင်း
ချိုမြိန်ဆဲ အလွမ်းကဗျာတွေ
ရင်တွင်း ဆက်ပျံ့ လွင့်နေမှာတော့
အသေချာပါပဲလေ.........။           ။
                               
                                လေလွင့်လူ(ကမာမြေ)

0 comments:

Post a Comment