Saturday 31 December 2011
“မင်္ဂလာပါ ၂၀၁၂ ရေ.....”
“မင်္ဂလာပါ ၂၀၁၂ ရေ.....”
နှစ်ဟောင်းကို ပစ်
နှစ်သစ်ကိုချစ်
“happy new year” အော်နေကြ လူတစ်စု....
ဘာကိုထုလို့  ဘာတွေဆစ်
ငါ့အတွက်အနုပညာမမြောက်ခဲ့တဲ့နှစ်ဟောင်း....
မကြွေပေမဲ့နွမ်းတော့လည်း
ဒီနှစ်ဟောင်းက(အများနည်းတူ)စွန့် ရမှာပေါ့...
နောက်တစ်ကြိမ်လာတဲ့နှစ်သစ် ၂၀၁၂
အပြေးတော့ကြိုချင်ပါရဲ့...
ဘဝတွေထမ်းပိုး နေ့ ညခန်းမခွဲနိုင်သူမို့ 
အော်လိုက်မိပါရဲ့ အလုပ်ထဲ“မင်္ဂလာပါ ၂၀၁၂ ရေ...”
မွေးမြေရပ်ဝေး အလွမ်းတွေကြား
ချစ်သူက ထားသွား အဆွေးကဆင့်
(အင်း...)
နှစ်ဟောင်းကတော့ ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်တွေ ဖြစ်ပေါ့.....
တိတ်တိတ်လေးလေ ကြိတ်ဆုတောင်းတယ်
ဒီဇင်ဘာနဲ့ နှစ်ဟောင်း အမြန်ပြောင်းဖို့ ....
ဘာပဲဖြစ်ဖြစ် ဘာပဲပျက်ပျက်...
ဒီနှစ်သစ်ရဲ့ ဒီနေ့ ရက်မြတ်မှအစပြုလို့ 
သက်ရှိသတ္တ အနတ္တ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ.....”
လေလွင့်လူ(ကမာမြေ)
Labels:
ကဗျာ
Friday 30 December 2011
သတင်းထူး ဗျို
သတင်းထူး ဗျို့ 
အားလုံးမင်္ဂလာပါခင်ဗျား..ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် စက်ဆန်း ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ
ဂိုဒေါင်အတွင်း ၂၈ရက်နေ့ က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ ကျန်ရစ်ခဲ့
သော မိသားစုဝင်များ၊သေဆုံးသွားသော မိသားစုဝင်များ အတွက် လိုအပ်နေသော
ဆေးဝါးကုသစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များအတွက် ကျွန်တော်တို့အနေ
နဲ့ နောက်တပတ် တနင်္ဂနွေ (၈.၁.၂၀၁၁)တွင် လှုဒါန်းဖို့ရှိပါသည်ခင်ဗျား။အလှုခံ
ထည့်ဝင်လိုသူများ အောက်ပါ လိပ်စာ ဖုံးနံပါတ် FB လိပ်စာများသို့ ဆက်သွယ်ပြီး
လှုဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော် အပ်ပါသည်ခင်ဗျား။
ဗြိတိန်မှ လှုဒါန်းလိုသူများအတွက်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
++၄၄ ၇၇၄၀ ၉၈၃၉ ၄၂
အမေရိကမှ လှုဒါန်းလိုသူများအတွက်
ဗညားရှိန်@လင်းခေတ်ဒီနို
+၁၂၀ ၁၈၈၈ ၉၇၅၁
lynnkhitdeno301@gmail.com
http://www.facebook.com/profile.php?id=1510725850
စင်ကာပူနိုင်ငံမှ လှုဒန်းလိုသူများအတွက်
၁။ကိုငြိမ်းနိုင်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈
http://www.facebook.com/profile.php?id=100001398712690
၂။မဒမ်
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉
ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
http://www.facebook.com/notes/
မလေးရှားနိုင်ငံမှ လှုဒါန်းလိုသူများအတွက်
၁။ဇင်ငြိမ်းဦး(မလေးရှားနိုင်ငံ)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
၂။လွင်ပြင်လှိုင်းငယ်(Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃
http://www.facebook.com/lwinpyinhlaingnge
၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/maung
မြန်မာနိုင်ငံမှ လှုဒါန်းလိုသူများအတွက်
andrewkc @ကျော်စွာစိုးမြတ်
andrewkc189kc@gmail.com
+၉၅ ၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewma
လေးစားစွာဖြင့်
ကိုရင်
လှူကြမယ်ဟေ့ များများ....
ဝိုင်းမှဝန်းဖြစ် မပျံ့ လွင့်နှင့်
ဒို့ နေ ဒို့ မြေ ဒို့ အလုပ်မဟုတ်
ဒီလိုစိတ်မထား တသားလူပင်
သောကပူမီး ဆောင်မ,ကူလို့ 
ငြိမ်းကူကြစို့ ....
အုတ်တစ်ချပ်၊သဲတစ်ပွင့် အစတင်၍
အဆောက်ဦးအဖြစ် ပမာပြုကာ
ကိုယ့်အင်ကိုယ့်အား ကိုယ့်ဝန်တာနှင့်
နိုင်နင်းသမျှ ရွက်ဆောင်သယ်ပိုး
အများကျိုးတွက် ရှေ့ထွက်စို့ ....
“မရှိမလှူ” လျစ်လျူပြုကာ
“တစ်မူးရှိ တစ်ပဲလှူ” ထုံနှလုံးဖြင့်
ကိုယ်တိုင်သာလှူ ဂုဏ်ယူပါ
ပေးလှူအကျိုး လက်ရှိ သံသရာ ဝေဝေဆာမို့ 
အခုအရေး နောက်မှတွေး
အပြေးနဲ့ သာ လှူကြစို့ ....
ငါတို့ ရှေ့မှာ အများအရေး
ဝန်မလေးလို့  အသက်ပေးသွား ပုဂ္ဂိုလ်များနှင့်
နှိုင်းကြည့်ယှဉ်လျှင် ငါတို့ လှူဒါန်း ထိုတစ်ခန်းက
မြူမျှလောက်ပါ သူငယ်ချင်း
အဲ့ဒီ့မြူပင်အထင်းသားဖြစ် မြင်သာရစ်အောင်
(မင်းအပိုသုံးနေတဲ့ငွေတွေ)လှူသာလှူပစ် သူငယ်ချင်း.....
လေလွင့်လူ(ကမာမြေ)
လှူကြမယ်ဟေ့ များများ....
ဝိုင်းမှဝန်းဖြစ် မပျံ့ လွင့်နှင့်
ဒို့ နေ ဒို့ မြေ ဒို့ အလုပ်မဟုတ်
ဒီလိုစိတ်မထား တသားလူပင်
သောကပူမီး ဆောင်မ,ကူလို့ 
ငြိမ်းကူကြစို့ ....
အုတ်တစ်ချပ်၊သဲတစ်ပွင့် အစတင်၍
အဆောက်ဦးအဖြစ် ပမာပြုကာ
ကိုယ့်အင်ကိုယ့်အား ကိုယ့်ဝန်တာနှင့်
နိုင်နင်းသမျှ ရွက်ဆောင်သယ်ပိုး
အများကျိုးတွက် ရှေ့ထွက်စို့ ....
“မရှိမလှူ” လျစ်လျူပြုကာ
“တစ်မူးရှိ တစ်ပဲလှူ” ထုံနှလုံးဖြင့်
ကိုယ်တိုင်သာလှူ ဂုဏ်ယူပါ
ပေးလှူအကျိုး လက်ရှိ သံသရာ ဝေဝေဆာမို့ 
အခုအရေး နောက်မှတွေး
အပြေးနဲ့ သာ လှူကြစို့ ....
ငါတို့ ရှေ့မှာ အများအရေး
ဝန်မလေးလို့  အသက်ပေးသွား ပုဂ္ဂိုလ်များနှင့်
နှိုင်းကြည့်ယှဉ်လျှင် ငါတို့ လှူဒါန်း ထိုတစ်ခန်းက
မြူမျှလောက်ပါ သူငယ်ချင်း
အဲ့ဒီ့မြူပင်အထင်းသားဖြစ် မြင်သာရစ်အောင်
(မင်းအပိုသုံးနေတဲ့ငွေတွေ)လှူသာလှူပစ် သူငယ်ချင်း.....
လေလွင့်လူ(ကမာမြေ)
Labels:
သတင်းဆိုင်ရာအကြောင်းအရာများ
Thursday 29 December 2011
အိပ်စက်ခြင်းတွေ လှန်ရှာမိစဉ်က...
ငါ့ အိမ်မက်တွေ
ဘယ်သူဆုတ်ဖြဲတာလဲ......
တဂိုးလ်ရဲ့ ကဗျာတစ်ပိုဒ်ရင်မှာပိုက်
ရော့ခ်စတီးဝက်စ်ရဲ့ တေးသွားတချို့  နှိပ်နယ်ရင်း
အပြည့်စုံတောင်မလင်းနိုင်ရှာတဲ့ လတစ်စင်းအောက်
ဆုံးရှုံးခြင်းပူပူနွေးနွေးတွေ ဝမ်းနည်းခြင်းနဲ့  မွှေနှောက်
ငါပျောက်တာ ငါပြန်ရှာမရခဲ့ဘူး........
မျက်ရည်ပြဇာတ်တစ်ပုဒ်ရဲ့ တေးသွားတွေ
ဘာလို့ ဒီလောက်တောင်ထက်ရှနေရတာလဲ....
သွားလိုက်စမ်းပါ....
ခပ်မျှင်မျှင်နှောင်ကြိုးတစ်ပင်က ဘာကိုငင်ချင်သေးတာလဲ
ဝန်ရိုးစွန်းအောက် ကာရံမသိပုဒ်စာတဝက်တပျက်နဲ့ ....
ပြီးစလွယ်ရိုက်လိုက်တဲ့ အတိတ်တွေ
အနာဂတ်မှာလာမထင်ပါနဲ့ ....
သေချာတာတစ်ခုက စံခါတင်ရွေးချယ်ပွဲမှာ
အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့
အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့
စေတန်ရဲ့ စိတ်ကူးတွေ....
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့
ခပ်ယိုင်ယိုင် တဝက်တပျက် ရင်ခုန်သံ....
ငါ ကရတဲ့ဇာတ်ငါမသိ...
မလွမ်းတတ်မှန်းတော့သိတယ်
အခန်းဆက်မှာအခန်းပျက်တွေပေါ်လာရင်
မင်းပါးပြင်ကအရာတွေ မင်းမကာကွယ်ကြေး....
မမြင်လို့ နင်းပါတယ်ဆိုမှတော့
မမြင်လို့ နင်းပါတယ်ဆိုမှတော့
အလင်းတွေ ငါဖာရတော့မှာပေါ့......
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
“ဇစ်”ဆွဲလိုက်ရုံရှိတာပေါ့....
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
နေပါစေတော့..........။ ။
လေလွင့်လူ(ကမာမြေ)
လေလွင့်လူ(ကမာမြေ)
Labels:
ကဗျာ
အိပ်စက်ခြင်းတွေ လှန်ရှာမိစဉ်က...
ငါ့ အိမ်မက်တွေ
ဘယ်သူဆုတ်ဖြဲတာလဲ......
တဂိုးလ်ရဲ့ ကဗျာတစ်ပိုဒ်ရင်မှာပိုက်
ရော့ခ်စတီးဝက်စ်ရဲ့ တေးသွားတချို့  နှိပ်နယ်ရင်း
အပြည့်စုံတောင်မလင်းနိုင်ရှာတဲ့ လတစ်စင်းအောက်
ဆုံးရှုံးခြင်းပူပူနွေးနွေးတွေ ဝမ်းနည်းခြင်းနဲ့  မွှေနှောက်
ငါပျောက်တာ ငါပြန်ရှာမရခဲ့ဘူး........
မျက်ရည်ပြဇာတ်တစ်ပုဒ်ရဲ့ တေးသွားတွေ
ဘာလို့ ဒီလောက်တောင်ထက်ရှနေရတာလဲ....
သွားလိုက်စမ်းပါ....
ခပ်မျှင်မျှင်နှောင်ကြိုးတစ်ပင်က ဘာကိုငင်ချင်သေးတာလဲ
ဝန်ရိုးစွန်းအောက် ကာရံမသိပုဒ်စာတဝက်တပျက်နဲ့ ....
ပြီးစလွယ်ရိုက်လိုက်တဲ့ အတိတ်တွေ
အနာဂတ်မှာလာမဆင့်ချင်တော့ဘူး
သေချာတာတစ်ခုကတော့ စံခါတင်ရွေးချယ်ပွဲမှာ
အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့
အချစ်ကို တန်းမမှီလို့  ကြေငြာချက်မရှိ စွန့်ပစ်လိုက်တဲ့
စေတန်ရဲ့ စိတ်ကူးတွေ....
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့
မိုးကုတ်စက်ဝိုင်းမှာ ကျွံကျန်နေတဲ့
ခပ်ယိုင်ယိုင် တဝက်တပျက် ရင်ခုန်သံ....
ငါ ကရတဲ့ဇာတ်ငါမသိ...
မလွမ်းတတ်မှန်းတော့သိတယ်
အခန်းဆက်မှာအခန်းပျက်တွေပေါ်လာရင်
မင်းပါးပြင်ကအရာတွေ မင်းမကာကွယ်ကြေး....
မမြင်လို့ နင်းပါတယ်ဆိုမှတော့
မမြင်လို့ နင်းပါတယ်ဆိုမှတော့
အလင်းတွေ ငါဖာရတော့မှာပေါ့......
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
ခံစားချက်ရှင်းတမ်းတွေထဲ
ဘောင်သွင်းခံရချိန် ခပ်ပါးပါးတိမ်နံရံတွေ
မင်းအနမ်းနဲ ပုံသွင်းမခိုင်းချင်တော့ဘူး
ဟောဒီ့... ရင်ဘတ်ကြီးအဟောင်းသားကိုသာ
“ဇစ်”ဆွဲလိုက်ရုံရှိတာပေါ့....
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
ငါသီလက်စ ငါ့ ကြယ်စင်တွေ
အလင်းနဲ့  မျက်နှာအသစ်မှာ
ရက်စွဲတချို့ ပြုတ်ကြခဲ့ရတယ်....
ခဏတာလေး မအိပ်လိုက်မိလို့ 
စုတ်ဖြဲခံထိအိပ်မက်တွေ....
အတွေးတွေရေတွက်ရင်းနဲ့ ....
အရောင်ဖျော့ဖျော့ သက်ပြင်းတစ်ကြောင်းအောက်
နေပါစေတော့..........။ ။
လေလွင့်လူ(ကမာမြေ)
လေလွင့်လူ(ကမာမြေ)
Labels:
ကဗျာ
ရန်ကုန်မြို့ ရဲ့ ဝမ်းနည်းဖွယ်အကြောင်းအရာလေးတစ်ခု
သတင်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ ပုံတွေကြည့်နိုင်အောင်လို့ 
တင်ပေးလိုက်ခြင်းပါ။
သတင်းအပြည့်စုံကြည့်ရင် လင့်လေးပါ
တင်ပေးလိုက်ခြင်းပါ။
သတင်းအပြည့်စုံကြည့်ရင် လင့်လေးပါ
Labels:
သတင်းဆိုင်ရာအကြောင်းအရာများ
Sunday 25 December 2011
ပြယ်ချိန်စောင့်အလွမ်း
စွန်ဆိုတာ ကြိုးရှိမှလေပေါ်ဝဲနိုင်သလို
ဘဝဆိုတာ အချစ်ရှိမှ အနေကြာမြဲနိုင်မှာပါ...
တဒင်္ဂတွဲလက်တွေ မခိုင်မှတော့
ရင်နာလည်း လွဲရက်ကတိုင်သွားခဲ့ပြီပဲ...
လားရာမတူ တို့ နှစ်ယောက်အတွက်
ဂုဏ်ဒြပ်ကြား ဆုံမှတ်တွေကို
ခပ်ပေါပေါဖိနပ်တစ်ရံလို မင်းသဘောထားခဲ့တာကိုး.....
ငါ မင်း အပေါ်ထားတဲ့ ချစ်ခြင်းဆိုတာတွေ
မင်းနှုတ်ဖျားက ခပ်ပါးပါးနှုတ်ခမ်းနီလောက်တောင် အရာထင်ခဲ့လို့ လား...
မင်းကိုတော့ ဆရာတင်လောက်ပါတယ်
လှည့်စားပြီး နှုတ်မဆက်ရုတ်တရက်ထွက်ခွာ...
ငါ့အတွက်တော့ အလွမ်းတွေနဲ့ ပြာယာခတ် မှားခဲ့ရတဲ့နေ့ နဲ့ ရက်တွေ...
အပြစ်တော့မတင်ရက်ပါဘူး
ချစ်ခြင်းတွေရက်စွဲတပ် အမြဲမက်တတ် အိပ်မက်တွေကြောင့်ပါ...
တစ်ခေါက်လောက်တော့ ပြန်ဆုံကြည့်ချင်တယ်
မင်း သိမသွားတဲ့ နောက်ကွယ်က ငါ့ချစ်ခြင်းတွေ
မြက်ဖျားနှင်း မဟုတ်ဘူးဆိုတာကို...
ခံစားချက်တွေခင်း မျှော်လင့်ခြင်းရင်းပြီးချိန်ရောက်မှာ
ရှင်သန်ခွင့်တွေမြေမြှပ် ရေတစ်မှုတ်တောင် မကမ်းလင့်ခဲ့ဘူး...
(သာပါတယ်ကွာ)
မာယာတွေပြုစား ကုစားဖို့  ထားခဲ့တာ မုသားတွေပဲလား
လေထဲဆောက်ချင်တဲ့ စိတ်ကူးလို့ ပဲ ယူဆလိုက်ပါ
ခံစားချက်ပန္နက်တွေ ပြန်မနှုတ်ချင်တော့ဘူး
သွားကြားထိုးတံလောက်ပဲမင်းမြင်ခဲ့တာ
ဝါးတစ်ပင်လုံးခုတ်လှဲခံထားရတာ ဘယ်သိနိုင်မှာလဲ...
မျှော်လင့်ချက်ဆိုတာ....
ရေဒါမပါဘဲ ဦးတည်ချက်မဲ့ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းမဟုတ်ဘူး
အိပ်မက်ဆိုတာ....
မြစ်ဖျားခံရာအရပ်မရှိတဲ့ မြစ်တစ်စင်မဟုတ်ဘူး
အချစ်ဆိုတာ...
လေတိုက်တိုင်းယိုင်တတ်တဲ့ ခပ်နွဲ့ နွဲ့ သစ်တစ်ပင်မဟုတ်ဘူး
မာနတော့ရှိသင့်ပါတယ်
ကိုယ့်အတ္တကိုတော့ပြန်မလိမ့်သင့်ဘူး...
မျှော်လင့်ထားတာတွေ
ကြယ်တစ်ပွင့်လို ကြွေချိန်တန်မှာတော့...
ချစ်ခြင်းတွေအတွက် ခုခံနိုင်ဖို့  ဘာကိုဆုတောင်းနေရမှာလဲ........။ ။
လေလွင့်လူ(ကမာမြေ)
Labels:
ကဗျာ