Friday, 20 January 2012

နည်းနည်းစောင်းသွားတဲ့ အိပ်မက်


                           


ပိုးထိုးပြီးသား တဝက်တပျက်ရက်စွဲတစ်ချို့ 
ဖောက်ပြန်မှုကိုမှ ထောက်ခံမှုပေးနေတယ်
သံကုန်စွဲပြေးလွှားနေတဲ့ကြား
မျှော်လင့်ချက်ခပ်တင်းတင်းကို
အလံနီပြနေရုံလောက်က
တားဆီးနိုင်မယ်ထင်တာလား...

ထုဆစ်ပြီးသားရုပ်ကြွနောက်ကွယ်
ကာရံထားနိုင်လောက်အောင်
နာမတွေရှိချင်ရှိနေနိုင်တာပဲ...
ဖြေးဖြေးကွယ်ပြီးအငွေ့ ပြယ်အောင်
ဟော့ဒီနံရံတွေမှာ ခံစားမှုတွေကပ်ထားပြီးသားပါ
စီနေရင်းပြုတ်ကျနေတဲ့ ဝါကျတွေအပေါ်
အသက်ရှုသံခပ်ပြင်းပြင်းထပ်နင်းသွားသေးတယ်...

ငါ့အနုပညာ...
တိမ်မြုပ်ပျောက်ကွယ်ရရင်တောင်
မာန်ပါပါ ဟစ်ကြွေးရင်း ကိုယ်ထူကိုယ်ထ
တစ်လမ်းလောက်တော့ဖောက်ချင်တာပေါ့...

ဂုဏ်ပကာသနာတွေရဲ့  ဆီဦးထောပတ်တွေကြား
ပဲပြုတ်နံပြားမနက်စာက
ဗိုလ်ချုပ်ရေးခဲ့စာကို သတိရပြီး
ငါ့ကိုငါ ဂုဏ်ယူနေတယ်...

အတွေးခြင်းနွေးမှာထက်
ဈေးခြင်းလေးတာကိုလိုချင်နေတော့
ငါ့တို့ လက်တွေပြည်ခဲ့ရတယ်
ဘယ်ဘဝရောက်ရောက်ပါ
ဆွဲခဲ့တဲ့ကောက်ကြောင်း
ခပ်စောင်းစောင်းတော့ ဖြစ်မသွားပါဘူး...

ငါ့ နေ့ ရက် တချို့ တချို့ ခေါင်းစဉ်တွေ
အခွံနွှာရမှာလောက် ပျင်းတာမရှိဘူး
အချစ်နဲ့ ဘဝ...
ချွန်နေရင်းတုံးတတ်တဲ့ ခဲတံတစ်ချောင်းလို
ဘာမှမရေးရင် အကောင်ဆုံးပဲ...


ငါ့ထိုင်နေကြ လမ်းဘေးကဖီး...
အတက်အဆင်းများနဲ့ လူရှုပ်ရှုပ် ဘတ်(စ်)ကားမှတ်တိုင်...
နေဝင်ချိန် ပျိုမျစ်နေဆဲတေးသွားတွေ...
အရာအားလုံး ခပ်ပြုံးပြုံးပါပဲ...

ကျဆိမ့်တစ်ခွက် ကြယ်နီဆေးပေါ့လိပ်အဆီခံတွေကြား
သတ္တုလိုမာကြောလွန်းနေ့ ရက်တွေ စားသုံးရင်းက
အသွားမတုံး နေဝင်ချိန်စောစောစေ့နိုင်တာပဲ
မင်းလို့ ဆိုရမှာထက် တခါခါ ငါတွက်ရင်းအဖြေပျောက်
ဘာကိုမှလဲ ပြန်မကောက်တော့ပါဘူး....



                                                         လေလွင့်လူ(ကမာမြေ)


6 comments:

♫♪★လွမ်းပိုင်ရှင်★♪♫: said...

နည်းနည်းပြန်တည့်လိုက်ပေါ့ ဟုတ်ဘူးလား

jasmine(တောင်ကြီး) said...

ပြန်ကောက်သင့်တာတော့ကောက်ရမှာပေါ့နော်

laylwintlu said...

ပြန်ကောက်ပီးပြန်တည့်ရမှာလား ပြန်တည့်ပီး ပြန်ကောက်ရမှာလား
မမဂျက်နဲ့ ကိုလွမ်းရေ..
အားပေးမှုကိုအစဉ်လေးစားလျက်-
လေလွင့်လူ

ဘိုဖြူ said...

ကဗျာကောင်းလေးကိုရင်ဘတ်နဲ့ခံစားဖတ်ခဲ့ပါတယ်
စကားသုံးထားတာတွေကောင်းတယ်ညီရေ

ရစ်မ said...

လမ်းဖောက်မယ်ဆိုကြိုပြောနော်
ရစ်တို့အိမ်နားမှာ လမ်းဗိုလ်ရှိတယ်
လျော့ဈေးနဲ့ပြောပေးမယ်......အဟင်းးး

ချစ်စံအိမ် said...

ကဗျာလေးခံစားသွားပါတယ်ရှင်

Post a Comment