Saturday 28 April 2012

အချိန်မမှားတဲ့ ရင်ခုန်သံ




လမ်းခွဲချိန် ဇာတ်သိမ်းခန်းတွေ
နာနာကြင်ကြင်နဲ့  ဖြတ်ခဲ့ရတယ် မေ..

သတိရစိတ်လွယ်ထားတဲ့ ဘဝ
တစ်ထောင့်တစ်ညတွေ ဆုံးမယ်မထင်..

မေ နင်းဖြတ်သွားတဲ့ ဒီဇာတ်လမ်းဟောင်းကတော့
ရင်တွင်းအသစ်သစ်တွေ ဆက်လို့ နေဆဲ..

ရင်ခွင်ဟာ ကွက်လပ်တစ်ခု လွမ်းဒဏ်ရာ နာကြင်မှုတွေ
မေ... မရှိတဲ့နောက်  မေ.. မသိတဲ့နောက်
ဟိုးအဝေးဆုံး မိုးကုတ်စက်ဝိုင်းတွေ
မျှော်ကြည့်ရင်း လွမ်းဆွေးရင်း
တမ်းတမှု ဖြစ်တည်ခြင်းတွေ..

ဘယ်တော့....

ဘယ်နေရာမှာ...

ဘယ်လိုအဆုံးသတ်မှာလဲ...

ငါကိုယ်တိုင်မသိနိုင်တဲ့ အချစ်ရဲ့ ဒဿနတွေ
ပြောပြစာဖွဲ့ နေရုံ အရာမထင် အရိပ်မကျန်
အချစ်ရဲ့ အစ ကြေကွဲခြင်းအဆုံး
နာနာကြင်ကြင်ပဲ ပြုံးကာနေမယ် မေ..

ကိုယ်တို့ နှစ်ဦး လမ်းဆုံးရဲ့  တစ်ဖက်ခြမ်း
မေ့ရဲ့ အပြုံးပန်း ရယ်သံတွေ
ထာဝစဉ်ချိုမြိန်နေပါစေ မေ....

                                     လေလွင့်လူ(ကမာမြေ)

Saturday 21 April 2012

ဗလာဖြစ် နှောင်ကြိုးမျှင်



သတိရတိုင်းတမ်းတမှုမှာ
ရက်စွဲတွေလည်း အခါခါသေဆုံး
ဗလာဖြစ်သွားတဲ့ ရင်ခွင်
ကြေကွဲမှု လှိုင်းတံပိုးတွေ..
အကြိမ်ကြိမ်သာ ရိုက်ခတ်လိုက်စမ်းပါ 
ကြာရင်တောင်မမေ့တဲ့ မင်းပုံရိပ်
ငါ အခုတော့ တိတ်ဆိတ်နေရပြီ....

တခါခါ ငါကိုယ်တိုင်လည်း အံ့သြမိတယ်...
မျှော်လင့်ချက် အသေတွေ ဆုပ်ကိုင်
ပြန်မလာတော့တဲ့ လမ်းတွေဆီ
မျှော်လင့်တတ်တဲ့ ငါအကျင့်
ငါတမင်ကျင့်နေတာ မဟုတ်ဘူး....
မင်းအပေါ်ထားတဲ့ "အချစ်"ဆိုတဲ့
အရာတွေသာ ရင့်နေတာ...

ရင်နင့်အောင် လွှမ်းခြုံပြီးမှ
ပြင်သင့်ရင်တောင် လမ်းဆုံးထိ
ငါလျှောက်နေမယ်
ဒီအချိန်မှာ "သတိရလား"မေးလာမှာကို
ငါအကြောက်ဆုံးပဲ
မေ့လို့ မရသေးတဲ့ ငါ့နှလုံးသား  အဖြေစကား
အမှန်တကယ်ကို စွန့် အ  နေတာပါ....။        ။

                                                         လေလွင့်လူ(ကမာမြေ)

Monday 16 April 2012

နမော တဿ ဘဂဝတော အရဟတော သမ္ပာ သမ္ဗုဒ္ဗဿ

ဗုဒ္ဓနှင့်သသာနာတော်သည်  

မြန်မာလူမျိုးအားလုံး၏ နှလုံးအိမ်တွင်

ထာဝစဉ် အဓွန့် ရှည်တည်တံ့ပါစေသတည်း။         ။ 
                                                    
                                                               အားလုံးကိုခင်မင်လေးစားလျက်-
                                                                       လေလွင့်လူ
                                                               မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် 
                                                               တန်ခူး လပြည့်ကျော် ၁၁ ရက်
                                                               (နှစ်ဆန်း ၁ရက်နေ့ )

Wednesday 11 April 2012

အတာနဲ့  ပိတောက်



သင်္ကြန်.....
ပိတောက်ဝေ ငုကြွေတွေ ပဏာတင့် အလှ
ဘုရားတန်ဆောင်ကျောင်းကန် ကုသိုလ်မှန်
အလှူအတန်း စည်းပေါတဲ့ ဒီဂိမ္မာန်
အဖော်တစ်သင်း ပျော်မြူးကြတဲ့ အချိန်မှန်
မြောက်ပြန်လေဦး ရောက်ဖန်လေမြူး
မြူးတူးကြတဲ့ တေးသံသာ
ညီရင်းနှမရင်း ချစ်ခင်နှီးလို့  ရေကစားကြတဲ့ ရိုးရာအမှန်
နှစ်ဟောင်းကိုဆေး နှစ်သစ်လေးမှာ အေးမြလှတဲ့ အတာရေသင်္ကြန်
 
သင်္ကြန်....
အတာခင်း တာဝရိန်သာနန်းဆီက
မိုးသိကြားဆင်းချိန်တန် အိုးအတာ
အကြိုထောက်လို့  ရိုးရာကယ်မပျောက်
ချစ်စရာ ဓလေ့ထုံးစံ
ရပ်ကြီး ရွာကြီး အလှူကြီးနှင့် ခြိမ့်ခြိမ့်ကယ်ညံ
မြန်မာဟာ ကမ္ဘာလည်မှာ သဒ္ဒါရယ်ကြွယ်
ရဟန်းခံပြုဖွယ်မှန်နှင့် ကုသိုလ်ရေးမှာ နိုးကြွားပြန်
ဘိုးဘွားမကျန် ခြေစုံခင်းလို့  ဥပုတ်သီလစောင့်တည် အမှန်
အခါထူး လရယ်ကွယ် တကယ်ထူးတဲ့ ဒီတန်ခူး သင်္ကြန်

သင်္ကြန်....
သက္ကရာဇ်တွေဟောင်း နှစ်တွေပြောင်းလို့ 
ဌာနေဝေးသူ သူလွမ်းအောင်ဖန်
အတာနဲ့  ပိတောက် ဒီချိန်ရောက်ရင်
ပူမီးဗြာခွေ ဖြေရယ်မဆည်အား
လွမ်းအားရက်ရယ် ပိုမိတယ်
ဒီလိုတွေတွေး ရပ်မြေဝေးမှာ
အတာရယ် ပိတောက်
ငါတစ်ယောက် လွမ်းနေတယ် သင်္ကြန်......

(မြန်မာနိုင်ငံသားများအားလုံး လတန်ခူးနှင့်အတူပျော်ရွှင်ချမ်းမြေ့ကြပါစေ။
လွဲချော်ခဲ့ရတဲ့ သင်္ကြန်ရက်များအတွက် အလွမ်းပြေ ရေးဖွဲ့ သည်။)
                                                                                    လေလွင့်လူ(ကမာမြေ)

တုန့် ပြန်ဖို့ တော့အချိန်ပေးပါ



(ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။)
ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။
ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။
အကောင်းဆုံး သူငယ်ချင်း ဆိုတာ ...
ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။
ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့ ရောက်ရှိလာတဲ့ အချိန်ကျမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။
တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။ တစ်ယောက်ယောက်ကို သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့ ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့် လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘ၀စာလောက် အချိန်ယူရလိမ့်မယ်။
အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက် မလိုက်နဲ့။ ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင် လုပ်နိုင်သူကိုတော့ တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။
မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။
ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့ ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့ မျှော်လင့်ချက်တွေ ရှိပါစေ။
သူများရဲ့ နေရာကနေ အမြဲ ၀င်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင် လုပ်မယ့် ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။
သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့ အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘ၀ အဖြစ် ဖန်တီးချင်လောက်အောင် လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ။
အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့ မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။
အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အချစ်ကြောင့်ဘဲ သင်ဟာ ရှင်သန်လာပြီး မျက်ရည်နဲ့ အဆုံးသတ်တယ်။
အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့ အတိတ်မှာပဲ အမြဲ အခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ထွက်သွားခွင့် မပေးရင်တော့ သင်ဟာ ဘ၀ခရီးကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။
မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။ သင့် ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလို ဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံး ငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။ 
(From Forward Mail)
စာညွန်း-စာဖတ်များသော သူငယ်ချင်းမှ ကောင်းနိုးရာရာများ ရွေးချယ်ပေးပို့ ခြင်းအား ပြန်လည်မျှဝေလိုခြင်း
           ဆန္ဒဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။
                                                  ခင်မင်လေးစားလျက်-လေလွင့်လူ(ကမာမြေ)                                      
   

Monday 9 April 2012

မြန်မာနိုင်ငံရှိပထမစခဲ့သော ပုဂ္ဂိုလ်များ* *



1. ပထမဆုံးသမ္မတ= စဝ်ရွှေသိုက် 2. ပထမဆုံးဝန်ကြီးချုပ်= ဦးနု 3. ပထမဆုံးအနောက်တိုင်းဆေးဒေါက်တာ = ဒေါက်တာ ရှောလူး ... 4. ပထမဆုံးဘိဓာန် ရေးသားသူများ= မက္ခရာမင်းသားနှင့် မစ္စတာလိန်း(ဒေါက်တာ ဆင်မျူယ်ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို) 5. ပထမဆုံးသိပ္ပံစာပေ ပြုစုသူ= ယောမင်းကြီးဦးဘိုးလှိုင် 6. ပထမဆုံးအမျိုးသားကောလိပ်မှဝိဇ္ဇာဘွဲ့ရ သူ=အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ် 7. ပထမဆုံးအင်ဂျင်နီယာ =ဖန်ချက်ဝန် ဦးရွှေအိုး 8. ပထမဆုံးနိုင်ငံရေးသမားအကျဉ်းကျခံရသူ =ဆရာတော်ဦးဥတ္တမ 9. ပထမဆုံးလူမှုဝန်ထမ်းအမျိုးသမီး = ဒေါ်ဦးဇွန်း (ပထမုပ်ရင်ြမင်းသားမောင်ဘဌေး(ခေ) ဦးညီပု။) 10.ပထမဆုံးရုပ်ရှင်သရုပ်ဆောင်= ဦးညီပု 11.ပထမဆုံးမြန်မာ့ရုပ်ရှင်ထူထောင်သူ နှင့် ဒါရိုက်တာ =လန်ဒန်အတ်ဦးအုန်းမောင် 12.ပထမဆုံးမြန်မာ့ရုပ်ရှင်စတန့်မင်းသား= ကျော်စိုး 13.ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ မင်းသား= ဦးကျော်ဝင်း 14.ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး =ကြည်ကြည်ဌေး 15.ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင်= အောင်ထွန်းလေး 16.ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသား= ဦးကျောက်လုံး 17.ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု အမျိုးသမီး=ဒေါ်မေနွဲ့ 18.ပထမဆုံးရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ 19.ပထမဆုံးနိုင်ငံခြားသွားဆိုင်းဆရာ = စိန်ဗေဒါ 20.ပထမဆုံးကာလပေါ်ဝတ္ထုရေးစာရေးဆရာ =ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ ၀တ္တု) 21.ပထမဆုံးသတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း 22.ပထမဆုံးရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးပါမောက္ခ =ဦးဖေမောင်တင် 23.ပထမဆုံးရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာ ကထိက= ဒေါက်တာဘမော် 24.ပထမဆုံးစတီရီယို အဆိုတော် = တက္ကသိုလ်ထွန်းနောင် 25.ပထမဆုံးလေသူရဲ =မီးပုံးပျံ ဦးကျော်ရင် 26.ပထမဆုံးစက်ရုပ်တီထွင်သူ =ဦးကြည် 27.ပထမဆုံးနယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန် 28.ပထမဆုံးမြန်မာလူမျိုး ဟိုက်ကုတ်တ ရားဝန်ကြီးချုပ် =ဒေါက်တာဆာမြဘူး (၁၈၈၅-၁၉၆၆) 29.ပထမဆုံးမြန်မာပါရဂူ=ဒေါက်တာဘဟန်(၁၈၉၀-၁၉၆၉) (ပြင်သစ်နှင့်ဂျာမနီပြန်) 30.ပထမဆုံးညွှန်ကြားရေးမှူးချုပ် နှင့် အဏုမြူစွမ်းအင်ဦးစီးဌာန တည်ထောင်သူ=ဒေါက်တာတင်လှိုင် 31.ပထမဆုံးမြန်မာ ကာတွန်းဆရာ = ဦးဘကလေး(ရွှေတလေး) 32.ပထမဆုံးမြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ =ပညာမင်းကြီးစည်သူဦးကောင်း 33.ပထမဆုံးကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်=ဒေါက်တာတင်မောင်c 34.ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗ-က-သ)၏ ဥက္ကဋ္ဌ=ဦးရာရှစ် 35.ပထမဆုံးကျားကစားနည်းစာအုပ်ရေးသူ=စာရေးဆရာချစ်ညို (၁၉၂၄ -၁၉၈၇) 36.ပထမဆုံးလူမှုထူးချွန်ပထမဆင့်ကို ရရှိသူ အမျိုးသမီး=ဟာဂျီမ ပျဉ်းမနားဒေါ်ပု(၁၉၀၆-၁၉၈၂) 37.ပထမဆုံးဖလောရင့်နိုက်တင်ဂေးဆု ရရှိသူ=ဗိုလ်မှူး ဒေါ်ခင်အုန်းမြ(ခေါ်) စာရေးဆရာမကြီး မြမာလာ 38.ပထမဆုံးမြန်မာ ကိုယ်ခန္ဓာအလှူရှင်= ဦးဝင်းမြင့်(မန္တလေး)
bymyat noe

**သူငယ်ချင်းတစ်ဦးထံမှ ပေးပို့ ခြင်းအား ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်**

Monday 2 April 2012

နှစ်မြှပ်မှု စက်သီးတစ်လုံး




နှင်းဆီနီတွေ တိမ်ပြာတွေအောက် အရောင်တောက်ချိန်
ရာသီလွန် မုတ်သုန်တွေရဲ့ ကျီစားခြင်းနောက်ကွယ်မှာ
နာမတွေမဖော်ရသေးခင် အသစ်သစ်သော ဝေဒနာတွေက
မြဲမြန်ဆုတ်ကိုင်မှုအပေါ်တိုက်စားရင်း
ချည်နှောင်ခြင်း ဖျော့ဖျော့ကို ဝမ်းနည်းပြိုဆင်းခြင်းနှင့်အတူ
တမ်းခြင်းတွေတပါးတည်း တိုက်စားမြှပ်နှံလိုက်ကြတယ်...

အရိပ်တွေထင်နေဆဲ အတိတ်ရက်စွဲ စွန်းစွန်းတွေ
အိပ်မက်တိုင်းပြည်တစ်ခုရဲ့ ပုံပြင်ဒဏ္ဍာရီမှာ
နေ့ ညကူးသန်းချိန်လေး ချခွဲမှုမဟုတ်တဲ့ ကျကွဲခြင်း အလွဲတွေကြား
ချစ်ခြင်းတံခါးဝလေးတင် ဝိညာဉ်တွေဝဲပျံလို့ 
ခိုနားခြင်းအတွက် အန်တုနိုင်ဖို့  ခွန်အားတွေ အငွေ့ ပျံသွားပြီ...

အရပ်မျက်နှာမူရာ စွဲလမ်းမှုတွေ ချုပ်ကိုင်ဆဲပဲ
ပျောက်ဆုံးမှု လမ်းဆုံးမှာ ရပ်နေရင်း
အက်ရှရှသံစဉ်စီးကြောင်းနဲ့  နက်ရှိုင်းစွာပျော်ဝင်နေတဲ့
ပုံရိပ်တစ်ခု.....
သေချာတယ်....
ဘယ်လိုမှငြင်းပယ် ထုတ်မပစ်နိုင်တာ....
ဘယ်တော့မှလည်း.......
ဆုံနိုင်ခွင့်တွေ မရှိနိုင်တော့တာ...
ငါကိုယ်တိုင် မြေမြှပ် သင်္ချိုလို့  မရတဲ့ စွဲလန်းမှုတွေ....
မာနသရဖူရှင် ချစ်နတ်သမီးရဲ့ ပြုစားခြင်းတွေ
အရှုံးပေး ဝင်ခံခြင်းတွေနဲ့  ငါ.....
မှော်ဝင်နေတဲ့ချစ်ခြင်းမှာ ပျော်ဝင်သက်မဲ့နေပြီ.....


                                                             လေလွင့်လူ(ကမာမြေ)