နင်ပုံပြောထားတာ ငါသိတယ်
ငါ ပုံအောထားတာ နင်မသိတာ
အလိုရှိမှ အခင်ဆုံး နင်သုံးတတ်တဲ့စကားလုံး
သုံးသပ်ဖို့ ခက် ဆုံးဖြတ်လို့ မတတ်
နင်မုန်းသွားရင် အရင်ဆုံးဖျားမှာ ငါ့နှလုံးသားလေ...
သတိရလားမမေးနဲ့  နင့်အကြောင်းပဲတွေး
ညှိလို့ မရနေ့ ည နင့်ငါ့ကိုပြုစားထားတယ်
ကုစားဖို့ အတွက် နွေးထွေးတဲ့လက်တစ်စုံ
ဒီတစ်သက်ပုံကာပေးဖို့  အကုန်သာတွေးတော့...
ဆုံမှတ်တွေဝေး ငါ့ရင်ခုန်သံ အေးစက်ခဲကုန်ရပြီ...
နင်ရှိရင်ငါပျော်တယ် နင်ရှိအောင်ငါမျှော်ဖို့ 
ရောင်နီလင်းသစ် တစ်ပေါက်လောက်တောင်
ငါ့မှာခံစားခွင့်မရှိနိုင်တာသိနေတယ်....
ဆာလောင်မှုနဲ့ နှလုံးသားငယ် အပြုံးစကားအလည်
အရှုံးများလွယ် ရုန်းအားငယ်တော့...
ကံဆိုတာယုံ ပုံကာရယ်သက်ဆင်း
နင့်ခြေရင်းက ငါ့အချစ်...
နင်းချေပစ်မယ်ဆိုလည်း ငါမငြင်းပါဘူး...
ဘာဖြစ်ဖြစ်ချစ်နေချင်တာဆိုတာထက်
ဘာလုပ်လုပ်ခွင့်လွှတ်ပေးတတ်တာ
ရယူလိုခြင်းအတ္တတွေလို့  နင့်စာရင်းမှာမပါရင်
အနာဂတ်ရဲ့ နှစ်ဦးသားလမ်း ပန်းတွေတော့မခင်းတတ်ဘူး
ပျော်ရွှင်ခြင်းတစ်ခင်း ငါစိုက်ပျိုးရင်း
လက်တစ်ကမ်းမှာတော့ရှိနေမယ်
နင်ကျေနပ်မှာပါ....
လေလွင့်လူ(ကမာမြေ)
4 comments:
သံယောဇဉ် တွေကြောင့် အခုလို ပူလောင်မှုတွေကို ခံစားရတာပဲ :D သံယောဇဉ်တွေ မထားပါနဲ့ဗျာ... ဒါမှ အေးချမ်းမှာ.. :P
အမငေးးးးးးးးးးးးးးး
အဟားးးဟဟဟဟဟဟ
ဘာရေးရမှန်းကို သိတော့ဝူးးးးးးးးး
လေလွင့်ရေ မင်းတကယ်ကံကောင်းမှာပါ
ဆက်ကြိုးစားကွ
အပီပဲ ....... အအီစွဲ......အဲ့လေ :P:P
သြော် ခုမှဘဲရှာလို့တွေ့တော့တယ်း)))
ကဗျာတွေကဘာကောင်းသလဲမမေးနဲ့
အားပေးလျှက်
မဒိုးကန်
ဘာဖြစ်ဖြစ်ချစ်နေချင်တာဆိုတာထက်
ဘာလုပ်လုပ်ခွင့်လွှတ်ပေးတတ်တာ
ရယူလိုခြင်းအတ္တတွေလို့  နင့်စာရင်းမှာမပါရင်
အနာဂတ်ရဲ့ နှစ်ဦးသားလမ်း ပန်းတွေတော့မခင်းတတ်ဘူး
ပျော်ရွှင်ခြင်းတစ်ခင်း ငါစိုက်ပျိုးရင်း
လက်တစ်ကမ်းမှာတော့ရှိနေမယ်
နင်ကျေနပ်မှာပါ....မိုက်တယ်လေလွင့်ရေ
ခင်မင်လေးစားစွာဖြင့် (လွမ်း)
Post a Comment