Sunday, 12 February 2012

အရံဖြစ်သွားတဲ့ အချစ်


တကယ်တမ်းလမ်းခွဲကြတော့လည်း
ရင်ခွင်တစ်ခုလုံး ဟာနေတယ်
ငါလည်းမမှား မင်းလည်းမှန်တဲ့ ဒီအဖြစ်မှာ
အချစ်က ပိန်ပေါ်ရေမတင် အဖြစ်တွေပါ...

ပေးဆပ်မှုတွေ အခါခါ  ငါသာရင်ကွဲခံပါ့မယ်
မချစ်မမုန်းတဲ့အသုံးတွေကြား မင်းလည်းပဲပြုံးမပြပါနဲ့ တော့
အဆုံးဆိုတာ တစ်နေ့ တော့ရှိကြမြဲ မဟုတ်လား...
ငါ့အပေါ်သာ နာကျဉ်းပြီး မုန်းပေးပါ...

မထိုက်တဲ့ပန်း စိုက်ခဲ့ပြီး နမ်းချင်ခဲ့တာ
အလွမ်းဆင့်မှာ မတန်မှန်းသိတဲ့ လူ...
အရာရာသွေဖယ်ခြင်းအောက်
ငါ့လမ်းငါပျောက်လည်း မကြောက်မတော့ပါဘူး...

ဆုံးဆည်းခြင်းတွေ အမှတ်တရ ငါ့ရင်ထဲမှာပွားနေတယ်
တစ်ကြိမ်တခါမေ့ဖို့ ကြိုးစားမှုတိုင်း
အကြိမ်ကြိမ်အခါခါ သတိရခြင်းကတားနေတယ်...
ဘာတွေ ဖြစ်ဖြစ်...

နေပါစေတော့...
မျှော်လင့်လျက်မထူးတဲ့ဘဝ မျှော်လင့်မဲ့သာရူးပါစေ
မဆုံမှန်းသိတဲ့ဘဝ ပုံဖမ်းကြည့်လိုမှမရတာ..
အမြင့်ကပန်း ပွင့်လန်းခြင်းအောက် ရနံ့ မပျောက်ဖို့  အဓိကလိုတာ..
ငါ.. ဒွိဟတွေကြား ခိုနားနေဖို့  မသင့်ပါဘူး...

                                                  လေလွင့်လူ(ကမာမြေ)

1 comments:

ရစ်မ said...

တကယ်တမ်းလမ်းခွဲကြတော့လည်း
ရင်ခွင်တစ်ခုလုံး ဟာနေတယ်
ငါလည်းမမှား မင်းလည်းမှန်တဲ့ ဒီအဖြစ်မှာ
အချစ်က ပိန်ပေါ်ရေမတင် အဖြစ်တွေပါ...
ကဗျာလေးကို အာပေးဖတ်ရှုရင်းနဲ့
ဦးနှောက်တွေချာချာလည်လို့
မူးနှောက်သွားတယ်....အဟင်းးးးး

Post a Comment