Thursday 16 February 2012

အချက်(၃၈)ချက်အသုံးတည့်မှာပါ



၁။နေ့ စဉ်(၁၀)မိနစ်မှ မိနစ်(၃၀)ထိလမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်း
   သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
၂။နေ့ စဉ် အနည်းဆုံး(၁၀)မိနစ်ခန့်  ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။မနက်
   အိပ်ယာထပြီဆိုတာနဲ့  ပုံမှန်လုပ်နိုင်ပါတယ်။
၃။ဘယ်လောက် ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလို (၇)နာရီပြည့်အောင်
   အိပ်ပါ။
၎။Eသုံးလုံးနဲ့  အညီနေပါ။
   1.Energy(စွမ်းအား)2.Enthusiasm(စိတ်အားထက်သန်မှု)
   3.Empathy (ဂရုဏာ)
၅။Gameတွေကစားပေးပါ။
၆။မနေ့ ကထက် ဒီနေ့ စာများများ ပိုဖတ်ပါ။
၇။တရားထိုင်ခြင်း၊ယာဂကျင့်ခြင်း စတာတွေအတွက် နေ့ စဉ်အချိန်ပေး
  လုပ်ဆောင်ပါ။
၈။သင့်ရဲ့ အချိန်တွေထဲက အနည်းဆုံးမိနစ်(၃၀)ခန့် ကို အသက်(၇၀)အရွယ်တွေနဲ့ 
  အသက်(၆)နှစ်အောက် ကလေးငယ်များနဲ့  အချိန်ဖြုန်းပေးပါ။
၉။နိုးနေတာထက် အိပ်မက်(စိတ်ကူး)များများ ယဉ်မက်ပါ။
၁၀။အသားများများစားတာထက် အသီးရွက် များများစားပါ။
၁၁။ရေ များများသောက်ပါ။
၁၂။တစ်နေ့ မှာ အနည်းဆုံး လူ(၃)ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးဖြစ်အောင်ပြုံးပြပါ။
၁၃။အတင်းပြောခြင်းနဲ့  အချိန်တွေ မဖြုန်းမိပါစေနဲ့ ။
၁၄။အတိတ်အမှားတွေကို ပြန်အစမဖော်မိပါစေနဲ့ ။လက်ရှိအနေထားကစလို့ 
     ပျော်အောင်နေပါ။
၁၅။သင်မလုပ်နိုင်ပဲနဲ့  အဆိုးဘက်က မမြင်ပါနဲ့ ။အကောင်းဘက်မှာ သင်ကိုယ်တိုင်
     ဝင်ခံစားပေးပါ။
၁၆။ဘဝဆိုတာ သင်ယူစရာတွေပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ပြဿနာ
    ဆိုတာ သင်ရိုးညွှန်းတမ်းထဲက ပြဌာန်းချက်အပိုင်းအစတစ်ခုဖြစ်လို့  ကျောင်းမှန်မှန်
    တက်ပြီး ဘဝရဲ့ နောက်ဆုံးအချိန်ထိလေ့လာသင်ယူရင်း အလွယ်လေး ကျော်ဖြတ်
    သွားပါ။
၁၇။မနက်မှာ ဘုရင်လိုစား၊နေ့ လည်မှာ မင်းသားလိုစား၊ညမှာ သူဖုန်းစားလိုစားပါ။
၁၈။လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီး များများပြုံးပါ။
၁၉။ဘဝဟာ သိပ်တိုတောင်းပါတယ်။အမုန်းတရားတွေနဲ့  အချိန်မဖြုန်းပါနဲ့ ။
     မုန်းနေတာတွေ ဆန့် ကျင်ဘက် လုပ်ကြည့်ပါ။
၂၀။အလုပ်တွေလုပ်တဲ့အခါ အသည်းသန် အပူတပြင်းမလုပ်ပါနဲ့ ။ခေါင်းအေးအေးထားပြီး
     အမှားကင်းအောင်လုပ်ပါ။
၂၁။အငြင်းခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့ သင့်အချိန်လေးတွေကို မဖြုန်းပါနဲ့ ။
၂၂။အတိတ်က ကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေး ယူကြည့်ပါ။
     လက်ရှိအခြေနေအတွက် အထောက်ကူရလာပါလိမ့်မယ်။
၂၃။သင့်ဘဝကို အခြားတစ်ယောက်နဲ့  မနှိုင်းယှဉ်ပါနဲ့ ။
၂၄။သင့်ဘဝကိုပျော်ရွှင်လုပ်နိုင်တာ သင့်အပြင် တခြားလူမရှိဘူးဆိုတာ သိပါ။  
၂၅။အရာရာတိုင်းအတွက် လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့  မြင်ကြည့်ပါ။
၂၆။အခြားလူတွေ သင့်ကိုဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင် သင်ခံစားမနေပါနဲ့ ။
၂၇။ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ လိုအပ်အချိန်တစ်ခုကို စောင့်ကြည့်ပါ။
၂၈။သင်နေမကောင်းဖြစ်နေလျင် သင့်သူငယ်ချင်း(သို့ )တစ်စုံတစ်ဦးက
     သင့်တာဝန်တွေကို လုပ်ဆောင်ပါလိမ့်မယ်။(ကိုယ်ကျန်းမာမှစိတ်ကျန်းမာမည်)
၂၉။အသုံးမဝင်တော့တဲ့အရာတွေကို အမြန်ဖယ်ရှားပါ။လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
၃၀။မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့ နည်းတစ်ခုပါ။
    အမှန်တော့ အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။
၃၁။မကြာမှီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
၃၂။ခံစားမှုတွေများလို့  မပြိုလဲသွားပါနဲ့ ။အမြန်ထ၊အမြန်ပြင်ဆင်ပြီး လန်းဆန်း
     တက်ကြွစွာ နေပြပါ။
၃၃။သင်မှန်တယ်ထင်တာတွေ တွေးပြီးလုပ်ပါ။
၃၄။မကြာခဏ မိသားစုနဲ့ ဝိုင်းဖွဲ့ စကားပြောပါ။
၃၅။သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
၃၆။နေ့ စဉ် တစ်စုံတစ်ယောက်ဆီကိုပုံမှန်လက်ဆောင်ပေးပါ။
၃၇။အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
၃၈။သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။
 (နိုင်းနိုင်း-စနေဘာသာပြန်သည်။)

သူငယ်ချင်းတစ်ယောက်မှဖတ်စေချင်လို့ ပို့ ပေးထားတာပါ။အားလုံးနဲ့ 
အသုံးတည့်  တာဖြစ်တာကြောင့်  ပြန်မျှဝေပေးလိုက်ပါတယ်။
                                                    လေလွင့်လူ(16:30-Thu)

0 comments:

Post a Comment