Tuesday, 14 February 2012

ပုရိသအလွမ်း


ဒဏ်ရာနဲ့ ပိတောက်ငိုကြွေးချိန်
ငုတွေက လှောင်ပြုံး ပြုံးတယ်
နာကြည်းချက်တွေပါမလားတော့မသိဘူး..
မဆုံနိုင်မှန်းကူးတဲ့မြစ် ဒေါင်လိုက်ပဲ ဖြစ်ဖြစ်နေတယ်
ခံစားချက်ကိုသီကုံးကာမှ စကားလုံးကညတာရှည်တယ်
သံစဉ်တွေအော်ဟစ်ဖို့  အားအင်တွေခြောက်ခြားနေတယ်

နေကွယ်မှာကြောက်လို့  လရိပ်အောက်ခိုတော့ ကြယ်လေးတွေငိုနေကြတယ်..
ဟင်းလင်းပြင်ထက် ခြေလှမ်းတွေက ဒယိုင်းဒယိုင်...
လင်းကြက်တစ်ကောင်းနဲ့ ညဥ့်ဌက်တစ်ကောင်လွန်ဆွဲတိုင်း
ငါသာ တစာခံဖြစ်ရတယ်...

ဘယ်မှာလဲ လမင်း.........
ညခင်းမှာ ငါ့အလွမ်းနဲ့ စစ်ခင်းမယ်ဆို..
တာရာသလင်းက ကြယ်တစ်ခင်းက ငါ့ကို ကျီစားကုန်ကြပြီး..

မာယာမဲ့နှောင်ကြိုးတွေနောက် ကညာပျိုရဲ့  အတ္တဓားတစ်စင်းက
အချစ်ကိုမှာ တစ္ဆေတစ်ကောင်လို လာလာပြီးခြောက်လှန့် တယ်
စွဲလန်းခြင်းအိပ်မက်နဲ့ ပြုစားတတ်တဲ့ ကဝေပျို ..
ငါ့  နိဂုံးဆိုတာ သူ့ လက်တစ်ဆုတ်စာ..

တကယ်ဆိုရင်-
ကြယ်တစ်ခင်းတောက်ပခြင်းမှာ သိမ်ငယ်ခြင်းမပါဘူး
ပန်းတစ်ခင်းပွင့်လန်းခြင်းမှာ ဟန်ဆောင်ခြင်းတွေမပါဘူး
စမ်းတွေရဲ့ စီးဆင်းခြင်းမှာ ပူလောင်ခြင်းတွေမပါဘူး
ငါ့ရင်ထဲမှာလည်း မင်းအတွက်စွန့် လွှတ်ခြင်းတွေမပါဘူး
ဆန္ဒရှိသလိုနေပါ တားမြစ်ခြင်းဆိုတာ အချစ်မှာမပါဘူး...

အချစ်ပွဲက စစ်မက်နွဲသလို ထားရဲသူသာ နိုင်လိုကြေးလား..
အဲ့တာဆိုရင်..
ကြေကွဲခြင်းအတွက် နှစ်သိမ့်ဖို့ ဆုတစ်ခုတောင် ငါမမျှော်တော့ဘူး
အောင်မြင်ခြင်းဆိုတာ အကုန်လုံး မင်းကိုပေးတယ်
မင်းပျော်ရဖို့  အဓိပါ..
တကယ်တော့-
ယုံကြည်ချက်တွေ ကျီစားရင်း အရောက်မှာ
အချစ်ဆိုတာလည်း သတိထားရင်း ပျောက်ခဲ့တာ မဟုတ်လား.....

                                                     လေလွင့်လူ(ကမာမြေ)


3 comments:

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်

♫♪★လွမ်းပိုင်ရှင်★♪♫: said...

အားပေးသွားတယ်သားရေ

ရစ်ငှက် said...

ယုံကြည်ချက်တွေ ကျီစားရင်း အရောက်မှာ
အချစ်ဆိုတာလည်း သတိထားရင်း ပျောက်ခဲ့တာ မဟုတ်လား
ခံစားချက်တွေအတွက်
အားပေးဖတ်ရှုသွားပါတယ်......

Post a Comment