Saturday, 21 April 2012

ဗလာဖြစ် နှောင်ကြိုးမျှင်



သတိရတိုင်းတမ်းတမှုမှာ
ရက်စွဲတွေလည်း အခါခါသေဆုံး
ဗလာဖြစ်သွားတဲ့ ရင်ခွင်
ကြေကွဲမှု လှိုင်းတံပိုးတွေ..
အကြိမ်ကြိမ်သာ ရိုက်ခတ်လိုက်စမ်းပါ 
ကြာရင်တောင်မမေ့တဲ့ မင်းပုံရိပ်
ငါ အခုတော့ တိတ်ဆိတ်နေရပြီ....

တခါခါ ငါကိုယ်တိုင်လည်း အံ့သြမိတယ်...
မျှော်လင့်ချက် အသေတွေ ဆုပ်ကိုင်
ပြန်မလာတော့တဲ့ လမ်းတွေဆီ
မျှော်လင့်တတ်တဲ့ ငါအကျင့်
ငါတမင်ကျင့်နေတာ မဟုတ်ဘူး....
မင်းအပေါ်ထားတဲ့ "အချစ်"ဆိုတဲ့
အရာတွေသာ ရင့်နေတာ...

ရင်နင့်အောင် လွှမ်းခြုံပြီးမှ
ပြင်သင့်ရင်တောင် လမ်းဆုံးထိ
ငါလျှောက်နေမယ်
ဒီအချိန်မှာ "သတိရလား"မေးလာမှာကို
ငါအကြောက်ဆုံးပဲ
မေ့လို့ မရသေးတဲ့ ငါ့နှလုံးသား  အဖြေစကား
အမှန်တကယ်ကို စွန့် အ  နေတာပါ....။        ။

                                                         လေလွင့်လူ(ကမာမြေ)

4 comments:

ဒုတိယလူ said...

ချစ်တက်တဲ့ သူတွေ အတွက်တော့ ခံစားရစမြဲ
ပါပဲ ကိုလေလွင့်ရေ..အဲင်္ဒိအရသာကတည်း
တယ်ချိုမြိန်သဗျ ...း )

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းတယ်

မင်းအရိပ် said...

ကဗျာလေး လာခံစားသွားပါကြောင်း

ရစ် said...

ဒီအချိန်မှာ "သတိရလား"မေးလာမှာကို
ငါအကြောက်ဆုံးပဲ
မမေးးးးးးးးးးးးးးတော့ .......ပါ.....ဘူးးးးးးးး ကွာာာာာာာာာာာာာ

Post a Comment