Tuesday, 15 May 2012

တည်မြဲခြင်း ပုံပြင်စားကြွင်း




ဘာမှလည်း မမြဲဘူး...

မုန်တိုင်းကြား တွဲလက်တစ်စုံ
လေဆန်အောက် ခိုဝင်နားခိုက်
ကြယ်ကြွေ ညဥ့်နက်နက်ရဲ့ 
ရှိုက်သံတွေ အမှီပြုရင်း
အလှပဆုံးတေးသွားတွေ အပြိုင်ခူးဆွတ်ခဲ့ကြတယ်....။

ဖန်သားပြင်လိုလို ပုံရိပ်ကောက်ကြောင်းမှာ
ရင်ခုန်သံနဲ့  ဆွဲကြရင်း
တစတစအက်ကွဲကြောင်းကို ပြန်ဆက်ယူဖို့ 
အားအင်တွေ ဆယ်ယူနေဆဲ......
ငါတည်ဆောက်ချင်တာ
ခမ်းနားတဲ့နန်းတော်တစ်ဆောင်လည်း မဟုတ်သလို
ကြီးမားတဲ့ မြို့ ပြတစ်ခုလည်း မဟုတ်ဘူး..
မင်းလက်ကိုသာ မြဲမြံဆုတ်ကိုင်ရင်း
တစ်လမ်းတည်းသာ ဦးတည်သွားချင်တာ..။

ရင်ခုန်သံအစပြု ဗလာဖြစ်စဉ်တွေ
ဝေးလွင့်ပဲ့ကြွေ အခြေမတည်တော့တဲ့နောက်
ကောက်ကောက်ပါ စွဲလမ်းမှု
ရှေးရှု့ မပျောက်ကွယ်နိုင်လောက်အောင်
စူးနစ်ကျွံကျန် နာမ်ရုပ်တစ်ခုတည်းကြား
နေ့ ရက်တွေ ရွေ့ လျားနေလည်း 
မလုံလောက်သေးဘူး...။

တဖြေးဖြေးခြင်း...
စိတ်ကူးတွေ တိမ်မြှပ်လွင့်မျော...
 ဖြစ်စဉ်တွေ ကြွေကျတိမ်ပါး...
အိပ်မက်တွေ အလင်းဖျော့ဖျော့ကြားက
မင်းလက်တစ်စုံကို ကမ်းလင့်ရင်းက.......

ဘာဆို...
ဘာမှလည်း မမြဲဘူး.........။                 ။


                                                          လေလွင့်လူ(ကမာမြေ)

3 comments:

ရစ် said...

မမြဲရင် တိတ်နဲ့ကပ်ထားလေ
နိယာမ သဘောတရားကို နားလည်ဝူးးးးးလား

ရစ် said...

မမြဲရင် တိတ်နဲ့ကပ်ထားလေ
နိယာမ သဘောတရားကို နားလည်ဝူးးးးးလား

စံပယ်ချို said...

ဟုတ်တယ် လသုံးလုံးရေ
ဘာမှ မမြဲတဲ့လောကကြီးပါပဲ

Post a Comment