Saturday 28 January 2012

နေကိုစားသောတိမ်(သို့ မဟုတ်) ချစ်ခြင်းရဲ့မှတ်တမ်း

မေ....
နောက်ဆုံးတော့ဆုံးရှုံးမှုဆိုတာတွေနဲ့ 
နေသားကြနေတာငါပါပဲလေ...
လှုပ်ခက်ဆဲရင်ခုန်သံတွေ ထိန်းချုပ်ဖို့ ခက်နေတာ
မေတစ်ယောက်မသိပါစေနဲ့ ..
မေ့အပေါ်အထိမနာစေဖို့  သိသာစေတဲ့ရည်ရွယ်ချက်မျိုး
နောင်အဆက်ဆက်မပျိုးတော့ပါဘူး....

မေ...
ရင်ခုန်သံတွေအစ ရယ်မောသံတွေ
အပြုသဘောအမှန်ပါလေ..
မမျှော်လင့်ပဲတွေးခဲ့တာမဟုတ်လို့  မျှော်လင့်ရင်းဝေးရက်တွေကို
မေတစ်ယောက်မသိပါစေနဲ့ ...
မေ့အတွက်ဒီတစ်သက် ချည်နှောင်မဲ့မေတ္တာမျိုးကို ဒီရင်ကလှစ်ဟမပြနိုင်တော့ပေမယ့်
နောင်လာနေ့ ရက်တွေထိအထပ်ထပ်တိုးပါရစေ....

မေ...
ရင်ခုန်ခြင်းအစ ရင်ခုန်ခြင်းအလယ် ရင်ခုန်ခြင်းအဆုံးတိုင်း
မေ့အားအချစ်သည်မဆုံးတိုင်ပါလေ...
တဒင်္ဂမဟုတ်ခဲ့လို့  ပြင်မရတဲ့အဆုံးသတ်တွေ
မေတစ်ယောက်မသိပါစေနဲ့ .....
ပေးဆပ်ခြင်းစကားလုံးမှာ ထိုက်တန်လောက်တဲ့ အရည်ချင်းတွေမရှိခဲ့လို့ 
နောင်အခါပတ်သက်မှုမှာ သက်တန့် တစ်ခုပမာ အရောင်အသွေးစုံပါရစေ...

မိုးမြင့်စံပန်း ပွင့်လန်းဖို့ ရာ မြေပြင်ရင်းမှာမထိုက်ပါ မေ...
ဖယောင်းသမ်း ဖဝါးနုနု ခရောင်းလမ်းကိုမတုပါနဲ့  မေ...
ပိန်းပေါ်ကျ နှင်းစက်ဘဝရဲ့ ဒဏ္ဍာရီတွေ ဖန်လာပြီးသည်မို့ 
ရင့်နစ်ပန်းအတွက် လန်းရက်မှာ တို့ နှစ်ဦးအခန်းဆက်လည်း
လွမ်းရက်ဆိုတာလောက်ပဲ ခပ်ခပ်လှမ်းလှမ်းကနေ့ စွဲတွေ
ပြုံးပြနှုတ်ဆက်လိုက်ရင် လုံလောက်မှာပါမေ......... ။ ။


လေလွင့်လူ(ကမာမြေ)

Monday 23 January 2012

သဘောတိုင်းပါလေ



မတွေးတော့ဘူး မင်းအကြောင်းတွေ....
ငါ့စိတ်သာအခါခါညာ
အိပ်မက်ဟာ မင်းအတွက် ကဗျာ...
ရင်နာလည်း အစဉ်သာအမြဲ
ထင်ကာဆဲ နှလုံးသားအခြေ
နေကာလေ မေ....

ယုယမှုတိုင်း တုပမှုနှိုင်း
ငါသာခပ်ရိုင်းရိုင်း စံပယ်
ရနံ့ တိုင်းပြယ်...
နွယ်ချင်ရဲ့ တွယ်ခွင့်မဖက်လေတော့
ကြွေပါစေ မေ...

မြူဝေဆိုင်း တောင်စဉ်တန်းရဲ့
နက်ရှိုင်းရှိုင်းမှာ
ငါမင်းကိုသတိရစိတ်
သွင်မှောက်ကာ ထားခဲ့လည်း
မြင်နေဆဲ မေ...

ငါဘာလုပ်လုပ်..
ချစ်စိတ်က မသုဉ်းလေတော့
မုန်းလိုက်စမ်းပါ မေ
ဒီလူသားရဲ့ အပြုံးပန်း
အရှုံးခန်းမှာ တသက်လုံးနွမ်းတော့မယ် မထင်.......။       ။

                                                               လေလွင့်လူ(ကမာမြေ)

ပုံလေးကိုချစ်စရားကောင်းလို့ ထည့်လိုက်တာပါ။

Friday 20 January 2012

နည်းနည်းစောင်းသွားတဲ့ အိပ်မက်


                           


ပိုးထိုးပြီးသား တဝက်တပျက်ရက်စွဲတစ်ချို့ 
ဖောက်ပြန်မှုကိုမှ ထောက်ခံမှုပေးနေတယ်
သံကုန်စွဲပြေးလွှားနေတဲ့ကြား
မျှော်လင့်ချက်ခပ်တင်းတင်းကို
အလံနီပြနေရုံလောက်က
တားဆီးနိုင်မယ်ထင်တာလား...

ထုဆစ်ပြီးသားရုပ်ကြွနောက်ကွယ်
ကာရံထားနိုင်လောက်အောင်
နာမတွေရှိချင်ရှိနေနိုင်တာပဲ...
ဖြေးဖြေးကွယ်ပြီးအငွေ့ ပြယ်အောင်
ဟော့ဒီနံရံတွေမှာ ခံစားမှုတွေကပ်ထားပြီးသားပါ
စီနေရင်းပြုတ်ကျနေတဲ့ ဝါကျတွေအပေါ်
အသက်ရှုသံခပ်ပြင်းပြင်းထပ်နင်းသွားသေးတယ်...

ငါ့အနုပညာ...
တိမ်မြုပ်ပျောက်ကွယ်ရရင်တောင်
မာန်ပါပါ ဟစ်ကြွေးရင်း ကိုယ်ထူကိုယ်ထ
တစ်လမ်းလောက်တော့ဖောက်ချင်တာပေါ့...

ဂုဏ်ပကာသနာတွေရဲ့  ဆီဦးထောပတ်တွေကြား
ပဲပြုတ်နံပြားမနက်စာက
ဗိုလ်ချုပ်ရေးခဲ့စာကို သတိရပြီး
ငါ့ကိုငါ ဂုဏ်ယူနေတယ်...

အတွေးခြင်းနွေးမှာထက်
ဈေးခြင်းလေးတာကိုလိုချင်နေတော့
ငါ့တို့ လက်တွေပြည်ခဲ့ရတယ်
ဘယ်ဘဝရောက်ရောက်ပါ
ဆွဲခဲ့တဲ့ကောက်ကြောင်း
ခပ်စောင်းစောင်းတော့ ဖြစ်မသွားပါဘူး...

ငါ့ နေ့ ရက် တချို့ တချို့ ခေါင်းစဉ်တွေ
အခွံနွှာရမှာလောက် ပျင်းတာမရှိဘူး
အချစ်နဲ့ ဘဝ...
ချွန်နေရင်းတုံးတတ်တဲ့ ခဲတံတစ်ချောင်းလို
ဘာမှမရေးရင် အကောင်ဆုံးပဲ...


ငါ့ထိုင်နေကြ လမ်းဘေးကဖီး...
အတက်အဆင်းများနဲ့ လူရှုပ်ရှုပ် ဘတ်(စ်)ကားမှတ်တိုင်...
နေဝင်ချိန် ပျိုမျစ်နေဆဲတေးသွားတွေ...
အရာအားလုံး ခပ်ပြုံးပြုံးပါပဲ...

ကျဆိမ့်တစ်ခွက် ကြယ်နီဆေးပေါ့လိပ်အဆီခံတွေကြား
သတ္တုလိုမာကြောလွန်းနေ့ ရက်တွေ စားသုံးရင်းက
အသွားမတုံး နေဝင်ချိန်စောစောစေ့နိုင်တာပဲ
မင်းလို့ ဆိုရမှာထက် တခါခါ ငါတွက်ရင်းအဖြေပျောက်
ဘာကိုမှလဲ ပြန်မကောက်တော့ပါဘူး....



                                                         လေလွင့်လူ(ကမာမြေ)


Tuesday 17 January 2012

ကာရံထုဆစ်ပြီးစီးခြင်း

                     

အချစ်ကဆိုတာ
တာထွက်နှေးတဲ့  ခြေထောက်တစ်စုံလား
ပန်းဝင်ချိန်စောဖို့  မရေရာတော့...
(နေပါစေကွာ)
ဒီဆုလာဒ်တွေ ငါမယူတော့ဘူး...

သက်ပြင်းပေါင်းချရတာများတော့
ခေါင်းတောင်ခပ်ငိုက်ငိုက်ကြနေပြီ
လူမှန်တော့ အချစ်ကိုကြံ အပူဒဏ်နဲ့ အကြိမ်ကြိမ်တိုး
(တော်သင့်ပြီကွာ)
ခပ်နွမ်းနွမ်းနဲ့ အသည်း  ခံစားရင်းကွဲပါစေတော့...

မလာနဲ့ ပြောပြီး မနှင်ပဲထားတယ်
ခံစားချက်တွေ ဂရက်ရိုက်
တစ်ခါတစ်ခါ ကန့် တန့် လိုက် အရွဲ့ တိုက်ချင်လာတော့
(မပြောတေ့ဘူးကွာ)
ရင်ထဲစကား ရင်ထဲထားတာပဲကောင်းတယ်...

ဒီလိုနဲ့ မိုးလင်း ငါ့မနက်ခင်း
အခင်းကျင်းတွေတော့ မပြင်နိုင်ခဲ့ဘူး
ကောင်မလေးရေ...
“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့စကား
ငါဘယ်လို အင်အားတွေနဲ့ ပြောရမှာလဲ...။          ။

                                                 လေလွင့်လူ(ကမာမြေ)

သံယောဇဉ်ရဲ့အတောင်ပံ

                                 


(လေလွင့်လူ)မချည်ပါဘူး တစ်မျှင်မှ
နှောင်ဖွဲ့ ခြင်းတွေကြားပေးဆပ်ခြင်းကိုခင်း
ခပ်ရဲရဲလျှောက်ခဲ့တဲ့လမ်းတလျှောက်....
ယောင်လို့ တောင် ကောက်ယူဖို့ အတွေးချက်မှာမပါ
အဲ့တာက မေတ္တာဆိုရင်အခါခါ ပေးဖို့ ဝန်မလေးဘူး။

(လွမ်းပိုင်ရှင်)မျှော်လင့်ချက်နဲ့ ဖော်ဖက်မပြုခဲ့ပါ
ခပ်မှိန်မှိန် အငွေ့ဖြူဖြူလေးတွေနဲ့သာ
အက္ခရာတွေနဲ့ ဆောက်တည်နေတဲ့
ပူလောင်မှုမပါ ရင်ဝှက်ခံစားချက်လေး
ထွန်းညှိခိုက် ထွန်းတောက်သွားတဲ့အခါ
မှုန်ပြပြလင်းမီးတိုင်အောက်လေးမှာ
တသွင်သွင်စီးဆင်းနေတဲ့ ချောင်းငယ်လေး
ကြည်ပြာရောင်စဉ်ဖြာထွက်နေခဲ့တယ်။

(လေလွင့်လူ)ထမ်းခဲ့တာလက်တစ်ဆုတ်မဟုတ်
မေတ္တာရယ်ဖြန့် ကြက်ကြဲလို့ 
မိုးမြေတဆုံး သက်ဆုံးရယ်တိုင်ပါစေကွယ်....
ပေးဆပ်ရင်ကျရှုံးတောင် အပြုံးရောင်တောက်မြဲမို့ 
နောင်တ ကယ်မီး ဘယ်ခါဝယ် ပူပင်ငြီးမလဲ။

(လွမ်းပိုင်ရှင်)သစ္စာမှု ရင်ဝယ်ပြု တူယှဉ်ယှက်
ဝေးသွားခါ ရင်ထဲမှာအေးမြစဲ
သံယောဇဉ်လေထုထဲ ပျံဝဲကာ
အတောင်ပံတွေခတ်မိတော့
ညောင်းလေခါမညည်းရက်နိုင်
စိတ်ကိုသာချိုးနှိမ်ရင်း ဘ၀တွေသာ
ဆုံးရှုံးပါစေ အကျွန်ုပ်သစ္စာပြု၏
မည်သောအခါမှ မမုန်းရက်နိုင်လေ.....။            ။
                                         
                                            လွမ်းပိုင်ရှင်နှင့်လေလွင့်လူရေလောင်းပေါင်းသင်း၍ကဗျာတစ်ပုဒ်ပျိုးသည်။

 ကဗျာစာသားအသွားထက်ထက်နဲ့ ကိုလွမ်းပိုင်ရှင်ရဲ့အကြံလေးပါ
အကြံကောင်းသလို သူ့ စိတ်ကူးလေးကောင်းနေတာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခံစားကြပါနော်
လွမ်းပိုင်ရှင် ကဗျာလေးသို့ သွားရန်-

Monday 16 January 2012

ပြန်ခဲ့ပါမေ


မေ...
ဝေဆာဆဲ အပြုံးရက်တွေ ဘာကြောင့်ဆိတ်သုန်းတတ်တာလဲ
မျှော်လင့်ချက်တစ်ပွေ့ တစ်ပိုက် ဂရက်ရိုက်နေတဲ့
ဒီလူ့ ရင် နွမ်းနယ်ပြီး ရနံ့ ပြယ်ရတော့မှာလား

မေ...
တွေ့ ဆုံခြင်းအတက် ဆုံကွဲခြင်းအဆင်း
လောကဓံရဲ့  ဒီအခင်းတွေ
တို့ နှစ်သားကြည့်နေရင်းက
ကြေကွဲခြင်းတွေ ခြားရတော့မှာလား

မေ...
နှင်ရက်အားတဲ့စကား စည်းဘာလို့ ခြားခဲ့တာလဲ
မလိုချင်ပစ် လိုရင်ချစ် ဒီလိုလား “အချစ်က”..
ညှင်သာတဲ့ အကြင်က ရင်နာချက်ထင်လာအောင်
တမင်တကာ ပျက်ကြွေချင်တာလား

မေရယ်...
တို့ နှစ်ဦးကြားတမ်းတ ရက်တွေရှိပါတယ်
တူညီပြီးသား ချစ်ခြင်းမေတ္တာ စွန့် ခွာကျောခိုင်းထားမှာလား
သတိရစိတ် ဖဲ့ခြွေချိန် မေ့မျက်ဝန်းတွေ စိုနေမှာ
ဒီလူကြောက်တယ်မေ.......

                                       လေလွင့်လူ(ကမာမြေ)

Saturday 14 January 2012

ဂျီလတ် ဝေးပြီးတဲ့နောက်



ဝေးပြီးမှတော့ အလွမ်းဆိုတာကို ခေါင်းစဉ်တပ်
ကောင်းကောင်းလေးသာခံစားလိုက်တာအကောင်းဆုံးပဲ...
သီချင်းလေးနားဆင်ခံစားကြည့်နော် ဂျီလတ် ဝေးပြီတဲ့နောက်





လေးဖြူ မရေရာဘူး


အချစ်ဆိုတာ မရေရာပါဘူး သေချာအောင်တည်ဆောက်ရင်ကပြိုပျက်သွား
တတ်တယ် ချစ်သူရဲ့ နားလည်မှုတွေနဲ့  ပျော်ရွှင်စွာလက်တွဲချင်ပေမဲ့ ........
ကံတရားက ရပ်တည်ပေးနိုင်မှာလား......
သီချင်လေးနားဆင်ခံစားကြည့်ပါနော် လေးဖြူမရေရာဘူး

Thursday 12 January 2012

“စိမ်းသည်နှယ်”

         

သခင်ရယ်
ပူမီးရယ်ဗျာခွေ ဖြေမဆည်ပြေမညှိုး
သင့်ခဲ့လေပေါ့ အလွမ်းတွေ
ကာလရှည် အခန်းဆက်က
ဒီမောင် ပန်းလှပြီ။

သခင်ရယ်
မမြင်လည်းလွမ်း  မြင်လည်းလွမ်းမို့ 
ရင်ကွဲခန်းတွေ မပြိုအောင်မိုး
သခင့်ထံအား မငြိုးရက်ပါ
ဒီမောင်မှာသာ ခံယူပါ့မယ်။

သခင်ရယ်
ရင်တွင်းမွေးဖွား အချစ်များသည်
ဖြစ်တည်ကာမရ ကြွေပျက်ကယ်သုန်းတိုင်
သခင်တည်းသာပိုင်ဆိုင်ပါတယ်။

သခင်ရယ်
ရူးသွပ်အောင် ချစ်တဲ့သူကိုမှ
နှုတ်ဆက်ခြင်း ကင်း
ခပ်စိမ်းစိမ်းတိမ်း ဖယ်ရှောင်ကာသွားလေတော့
ဒီမောင်အတွက် သင့်တဲ့အချစ်ဒဏ်
(သိပ်ကို)ပြင်းထန်လှပါတယ်သခင်။     ။
                                                 
                                           လေလွင့်လူ(ကမာမြေ)

Tuesday 10 January 2012

မလွမ်းလည်းသီချင်းလေးတော့နားဆင်ပါနော်



လေးဖြူသီချင်းတွေကိုငယ်ငယ်ကတည်းကနှစ်သက်ခဲ့တာပါ
Flsahsong လုပ်တတ်လာတော့လေးဖြူသီချင်းတွေကိုဦးစား
ပေးလုပ်ထားတာပါ....
သီချင်းလေးနားဆင်ရန်ပါ လေးဖြူအလွမ်းများ

ပြီးခဲ့ပါပြီ(သို့ )တစ်ချိန်ကအသက်ရှုသံများ

တစ်ချိန်ကအသက်ရှုသံတွေပြန်ကြားယောင်လို့ တင်ထားတာပါ
                                                           လေလွင့်လူ

တမ်းခြင်းထက်ကအလွမ်း



ရင်ခွင်လွှာ ရှောင်ခွာပြေးသူရယ်....
လွမ်းသူ့ အိပ်မက်အလင်္ကာကို  ညကမ္ဘာအမှောင်ယံက
ထီးကျန်သူအိပ်မက်တွေကြား
ကြယ်တစ်မှုန့် တောင်မရှိနေခဲ့ ပါလား.......။

ထီးမိုးချင်တာ ကြီးစိုးပါတယ်ဆိုတဲ့  စွဲချက်
ကွဲအပ်သွားတဲ့  ရင်ခွင်လွှာ
တမင်တကာမဟုတ်မှန်းတော့ သိပါတယ် 
အကြည့်မမှန်လို့  ထိမှန်ကြေးဆိုရင်
ယူယမှုတွေကိုတော့ မစတေးလိုက်ချင်ဘူး...........။

မလိုချင် နဂိုအရင်ကတည်းက ပစ်လိုက်ပါတော့လား
ခံစားချက်မကုန်ခမ်း ပုံအမ်းကာထားပြီးမှ
အတားဆီးများ ခါးသည်းတာ
အစကတည်းကလို့  ထပ်မဆင့်ချင်တော့ဘူး
အကြိမ်ကြိမ်ထိန်းပါလျက် တိမ်းပါးခဲ့ရ အချစ်တစ်ခုအတွက်
ငဲ့ ကွက်တွေဆိုရင် ချန်မထားနဲ့  ယူသွားလိုက်ပါ.........။

ပြုစားလိုက် ကုစားလိုက် 
အရောင်ဖျော့ဖျော့ အနမ်းတွေက
တုန်ခါနေတဲ့ ရင်တစ်ခုလုံး  ရပ်တန့် စေခဲ့ တာလား.........။

တကယ်တော့.....
အပျင်းပြေ စီးဆင်းခြင်း သံယောဇဉ်တွေကို
တားဆီးတတ်အောင် ရင်ဘတ် မဲ့နေမှုကြောင့်
သတိရတိုင်း ပြုံးမိရင် ခံစားချက်ရဲ့ နာကျင်ခြင်းပဲ
အကြိမ်ကြိမ် တိုက်စားခံခဲ့ ရတယ်............။

ဒါပေမဲ့ .....
အရာအားလုံးကို ငါ မတွေး ဖြစ်ပါဘူး
မင်း ကိုချစ်မိခဲ့တဲ့ ရလဒ်ဆိုတာ ဆုပ်ကိုင်ရင်း
ချိုမြိန်ဆဲ အလွမ်းကဗျာတွေ
ရင်တွင်း ဆက်ပျံ့ လွင့်နေမှာတော့
အသေချာပါပဲလေ.........။           ။
                               
                                လေလွင့်လူ(ကမာမြေ)

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ



ကဲ ...
အခုတော့ ဘာဖြစ်ချင်သေးလဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေ ....
မာန အတ္တတွေ ....
ပိုင်ဆိုင်လိုစိတ်နဲ့  အတွေးတွေ ....
ကျရှုံးခန်းတွေမှာ အလံထူဖို့  မစဉ်းစားနဲ့ တော့
အေးဆေးလေးလှည့်ပြန်လိုက်စမ်းပါ ....

နောက်တစ်ကြိမ်မှတ်ထားပေါ့
အလကားယူသုံးလို့ ရတဲ့ စိတ်ကူးတွေကို
လွယ်လွယ်ယူပြီး အချစ်ဆိုတာကို
ပေါ့ပေါ့လေး မတည်ဆောက်ဖို့ ဆိုတာတွေလေ ....

အပူတွေနဲ့ ကမူးရှုးတိုးလျှောက်အော်နေမယ့်အတူ
အမှားဆိုတာ  ရှာလိုက်ပေါ့....
အသည်းကွဲတယ်လို့ ခေါင်းစဉ်ထက်
အလဲအကွဲ လုပ်ရပ်တွေမှာ
အရှုပ်ဇာတ်တွေ အရင်ရှင်းလိုက်ဦး .....

ကြယ်စင်ထက်လင်းတဲ့ လမင်းအောက်
မင်းရောက်တာ ဂုဏ်ယူလိုက်ပါ ....
ဒီထက်မကနေမင်းဆိုရင် မင်းပြာကျသွားမှာပေါ့...
နောင်တဆိုတာထက် မင်းခြေလှမ်းကို
နောက်မှမချတတ်ဖို့ ပဲ လိုတာပါ ....

သေချာဆုံးက ....  
အမှားလုပ်တတ်ရင်
နောက်ဆက်တွဲဝန်ခံတတ်ဖို့ ပဲ မဟုတ်လား.....

                                  လေလွင့်လူ(၁၉.၁၁.၁၁)

ဝင်ချိန်စောတဲ့နေ



ငါ့ ကိုမှကြည့်လို့ မရတဲ့  နင်
နင့် ကိုမှကြည့်လို့  မဝတဲ့  ငါ
နှစ်ဦးကြားပြိုင်မျဉ်းနှစ်ကြောင်း ဘယ်တော့မှမဆုံဘူးလို့ 
နင် ပြောခဲ့ပေမဲ့
“အချစ်”ဆိုတာတဲ့အရာ တစ်နေ့ တစ်ချိန်ဆုံနိုင်ကောင်းတယ်လို့ 
ငါ့ အတွက်မျှော်လင့်ခြင်းဆိုတာတွေ မယိုင်လဲခဲ့ဘူး

ငါ့ အတွက်ဆို ပစ္စုပ္ပန်ကို
အခါခါရိုက်ဖျက်နေတတ်တဲ့ နင်
နင့် အတွက်ဆိုအနာဂတ်တွေအကြိမ်ကြိမ်တည်ဆောက်နေတဲ့ငါ
“အချစ်”ကြောင့်မသေလောက်ပါဘူးလို့ နင်ပေးခဲ့တဲ့ဥပ္ပက္ခာတွေ
ငါ ကျေနပ်ခဲ့တယ်
“အချစ်”ကြောင့်တော့မသေနိုင်ပေမဲ့ 
ငါ သေလောက်အောင်တော့နင့် ကိုချစ်တယ်

နင့် မျက်စောင်းတွေ ငါခံနိုင်တယ်....
နင့် ပြတ်လုံးတွေ ငါခံနိုင်တယ်....
နင့် ဥပ္ပက္ခာတွေ ငါခံနိုင်တယ်....
နင့် အတွက်ဆိုရင် တုန့် ပြန်မှုအားလုံး ခံနိုင်ရည်ရှိပါတယ်

ဘာကြောင့်လဲ.....
နင် နဲ့ ပတ်သက်တဲ့ နှုတ်ဆက်ခြင်းဆိုတာတွေတောင်
နောက်ဆုံး ငါ မရနိုင်ခဲ့တာ
တုန်ခါနေတဲ့ ဟောဒီ့ရင်ဘတ်အတွက်
“ရက်စက်တယ်”ဆိုတဲ့ စကားလုံးကို
ငါ နင့်အတွက်ယူမသုံးရက်ပါဘူး

အခုတော့-
ငါ့ အိမ်မက်တွေ ပျက်သုဉ်း
မျှော်လင့်ချက်ဖရိုဖရဲတွေနဲ့ 
ငါ့ နှလုံးသားကို ငါ
အကြောင်းပြချက်ပေးဖို့  စကားလုံးရှာမရသေးဘူး

ဘာကြောင့်ဖြစ်ဖြစ်....
တခြားတစ်ယောက်ကိုချစ်သွားတဲ့ နင်
ငါ....
အပြစ်မတင်ပါဘူး
ကံကိုလည်းမရိုးခဲ့ပါဘူး
တကယ်တော့-
“အချစ်”ဆိုတာ ငါ့ အတွက်တော့
နေဝင်ချိန်တွေ စောခဲ့တာပါ      ။          ။
                                                     
                                                   လေလွင့်လူ(ကမာမြေ)   

မှန်ပေါ်ထင်ချင်တဲ့အရိပ်



အမှောင်နယ် အရောင်ခြယ်လည်း
အရောင်ပြယ်ရုံထက် ဘာပိုလာမှာလဲ
သီအိုရီမှားပုစ္ဆာတွေအတွက် ထပ်တူကြဖို့ ဆိုတာ
ဘောင်ကျော်တဲ့စိတ်ကူးတွေပါ

“ပန်းပျိုးလက် ပန်းမခူးရ”အဆိုတိုင်းထားရင်
အလှနဲ့ ပန်းနွမ်းရုံရှိမှာပေါ့
ပန်ဆင်သူအလှအတွက် ခံစားချက်မထည့်တွက်
ငဲ့ကွက်မှုမရှိဘူး အပြစ်သဘောဆိုချင်လည်းဆိုလိုက်ပါတော့

နဂိုအရင် လိုချင်လျက်
ဆန္ဒတစ်စုံအနားကပ်သိမ်းထားခဲ့တာပါ
စိမ်းကားခြင်း အခါခါ အရာရာတိမ်းပါးမှုအောက်
ကျရှုံးခန်းတွေ အသက်မသွင်းချင်တော့ဘူး

ခပ်ပြင်းပြင်းသာ ရိုက်ခတ်သွားပါ
ပြတ်တောက်မှုရာဇဝင်အတွက်
တင်းခံပေးမထားရင်
ဂီတာတစ်လက်ရဲ့ သံစဉ်တွေ
ရှိလာနိုင်စရာအကြောင်းဘူး

ရိုက်သွင်းလိုက် ပြန်နုတ်လိုက်
တူတစ်ချောင်းလို စိတ်ကြိုက်သာလုပ်ပါ
ခံနိုင်ရည်ဆိုတာတွေနဲ့  တောင့်ခံပေးထားပါမယ်

အဖြည့်ခံတဲ့လား...
အရာရာ အမှားလို့ မမြင်ပေးခဲ့တာ
အထင်သေးတဲ့အကြည့်အောက်
ထိရောက်မှုအခါခါလာလည်း
နာကျင်ခြင်းတွေ မေ့ဖျောက်ထားတာပါ

သက်ရောက်မှုတိုင်မှာ တန်ပြန်မှုတွေရှိနေမယ်ဆိုရင်
တစ်ခုပဲလိုချင်ပါတယ်
မင်းဆီက“အချစ်”ဆိုတာတုန့် ပြန်လာနိုင်မယ့်
တစ်နေ့ ကိုပေါ့......။     ။

                               လေလွင့်လူ(ကမာမြေ)

လရိပ်ရဲ့ ညအိပ်တေး



ဖျောက်ဆိတ်ကြယ်တသင်းနဲ့ 
ချစ်ခြင်းတွေခင်းခဲ့စဉ်က
မရင်နှီးတဲ့ ဒဏ္ဍာရီတွေ ဖတ်ခဲ့ဖူးတယ်
ခေတ်အကြောင်းကောင်းကောင်းမသိတော့
ပိုးကတီပါနှင့်ရွှေထီးပဲဆောင်းရတော့မလိုလို
စုန်ဆန်ပျော်မြူး စမ်းကူးငါးအသွင်
ဘယ်နေရာအမှားတွေဆိုတာကိုမမြင်.....။

အိပ်မက်တွေချစားသွားတော့မှ
ပျားရည်ဆမ်း နှုတ်ခမ်းတစ်စုံ
အထိတ်တလန့် တွေ့ လိုက်ရတယ်
ရင်လွဲအချစ်တို့ ရဲ့ နင်းဖြတ်ခြင်းခေါင်းစဉ်အောက်က
နိမ့်မြင့်လွဲတံတားတစ်စင်းရဲ့ 
ငိုကြွေးခြင်းအက်ကွဲကြောင်းရာဇာဝင်တွေရှိတယ်
အပျံသင်ဌက်တစ်ကောင်ရဲ့ 
ခရီးသွားမှတ်တမ်းတွေရှိတယ်
ဒီ့ထက်ပိုပြီး
ရင်ခွင်မှာဗလာပဲရှိတယ်....။

တုမရဆုံးက ယုယအပြုံးတွေနဲ့ 
အသက်ရှုသံတွေဘက်တုပြန်ဖို့ ထပ်တူမချန်ပေးခဲ့ ဘူး
ကြုံကြိုက်သေးတော့လည်း ဆုံလိုက်သေးတာပေါ့
အခုတော့...
သန်းခေါင်းထက်တော့ညဥ့်နက်နေပါလား
အိပ်စက်ခြင်းတွေအပိုင်သိမ်း
မယိုင်သေးတဲ့ ဒီစိတ်
ရစ်မူးနေလိုက်တာ
ကဗျာပေါ်လာနားတဲ့ လရိပ်တောင်
တရေးအိပ်ရောပေါ့.......
                                     လေလွင့်လူ(ကမာမြေ)

ချစ်ရသော......................သူ...................



မစခင်ကတည်းက ရလာဒ်တွေမှာ
အရှုံးကို သိနှင့်နေလည်း
ပန်းဝင်ခွင့်တော့ပြုပါ ချစ်သူ ....။

မီးအိမ်ငယ်တစ်လုံးအဖို့  ဘဝအတွက်အလင်းရောင်
မလုံလောက်မှန်း သိနှင့်နေလည်း
လောင်စာကုန် ဆီခန်းထိအောင်တော့
လောင်ကျွမ်းခွင့်ပြုပါ ချစ်သူ ....................။

ရော်ရွက်ဝါ လေပြေအခမှာ
ကြွေကျရမှန်းသိနှင့်နေလည်း
ပင်ယံထက် စိမ်းရွက်တွေအကြား
ခဏတာနေခွင့်ပြုပါ ချစ်သူ.....................။

အစကတည်းက မမက်ခဲ့တဲ့ဆုလာဒ်အတွက်
လွဲချော်ခြင်းကိုနောင်တ မရတော့ပါဘူး
တောက်ပခြင်းမဲ့ အလင်းအတွက်
တဒင်္ဂလေး မြင်မယ်ဆိုရင်တောင်
ကျေနပ်နိုင်ပါတယ် ချစ်သူ.......................။

လေပြင်းမလို ကြွေခွင့်ကြုံရမယ့်ရွက်ဝါအတွက်
မြေပြင်သက်ဆင်းဖို့ လည်းဝန်မလေးပါဘူး
ကြမ္မာအရေး ဇာတာနယ်မှာ
အခါခါလည်နေလည်းပဲ
မမြဲတဲ့ အဖြစ်မှာ စွဲမြဲချစ်နေမှာက
မင်းတစ်ယောက်တည်းကိုပါ ချစ်သူ............။ ။

                                             လေလွင့်လူ(ကမာမြေ)

အရာအားလုံးကတကယ်တော့မရေရာပါဘူး

ဘယ်အရာကိုမှ တရားသေဆုပ်ကိုင်ထားဖို့ ဆိုတာမဖြစ်နိုင်ပါဘူး
အဲ့လိုပါပဲ...ဘဝမှာအချစ်ဆိုတဲ့အရာကလည်းမသေချာမရောစွာနဲ့ 
ဇာတ်သိမ်းခဲ့ရတယ်...
သီချင်းလေးခံစားနားဆင်ကြည့်ပါနော် လေးဖြူမရေရာဘူး

အသည်းကွဲနေသလား

အချစ်ဆိုတာ တခါတရံမှာ ခံစားဖို့ သိပ်ခက်တယ်...
ကျွန်တော်အသည်းကွဲစဉ်ကလုပ်ထားတဲ့သီချင်းလေးပါ
နားဆင်ကြည့်ပါနော်...
လေးဖြုရဲ့ အသည်းကွဲသီချင်းသစ်

မိန်းကလေးများရဲ့ ခံစားချက်လေးပါ

မိန်းကလေးများချစ်သူအပေါ်တကယ်ပဲအပြစ်မမြင်တတ်ကြဘူးလို့ 
ဝိုင်းစုရဲ့ သီချင်းစာသားလေးကတော့ပြောသွားတယ်....

ခံစာနားဆင်ကြည့်ပါနော် ဝိုင်းစုခိုင်သိန်းရဲ့အပြစ်မမြင်ပါဘူး





အထီးကျန်နေသူများခံစားချက်

သီချင်းလေးရဲ့ စာသားလေးကိုကြိုက်လို့  flashsongလုပ်ထားတာပါ
နားဆင်ခံစားကြည့်ပါနော်

မိုးမိုးသီဆိုထားတဲ့သီချင်းလေးကိုနားဆင်ရန်ဤနေရာကိုနှိပ်ပါနော်

Wednesday 4 January 2012

ဆုံမှတ်မှားတဲ့ ဆုံချက်

           
ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေခဲ့တာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
၂၃ တိမ်စောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...


မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....
ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ...
                                                    
                                                                       လေလွင့်လူ(ကမာမြေ)