Tuesday, 10 January 2012
လရိပ်ရဲ့ ညအိပ်တေး
ဖျောက်ဆိတ်ကြယ်တသင်းနဲ့ 
ချစ်ခြင်းတွေခင်းခဲ့စဉ်က
မရင်နှီးတဲ့ ဒဏ္ဍာရီတွေ ဖတ်ခဲ့ဖူးတယ်
ခေတ်အကြောင်းကောင်းကောင်းမသိတော့
ပိုးကတီပါနှင့်ရွှေထီးပဲဆောင်းရတော့မလိုလို
စုန်ဆန်ပျော်မြူး စမ်းကူးငါးအသွင်
ဘယ်နေရာအမှားတွေဆိုတာကိုမမြင်.....။
အိပ်မက်တွေချစားသွားတော့မှ
ပျားရည်ဆမ်း နှုတ်ခမ်းတစ်စုံ
အထိတ်တလန့် တွေ့ လိုက်ရတယ်
ရင်လွဲအချစ်တို့ ရဲ့ နင်းဖြတ်ခြင်းခေါင်းစဉ်အောက်က
နိမ့်မြင့်လွဲတံတားတစ်စင်းရဲ့ 
ငိုကြွေးခြင်းအက်ကွဲကြောင်းရာဇာဝင်တွေရှိတယ်
အပျံသင်ဌက်တစ်ကောင်ရဲ့ 
ခရီးသွားမှတ်တမ်းတွေရှိတယ်
ဒီ့ထက်ပိုပြီး
ရင်ခွင်မှာဗလာပဲရှိတယ်....။
တုမရဆုံးက ယုယအပြုံးတွေနဲ့ 
အသက်ရှုသံတွေဘက်တုပြန်ဖို့ ထပ်တူမချန်ပေးခဲ့ ဘူး
ကြုံကြိုက်သေးတော့လည်း ဆုံလိုက်သေးတာပေါ့
အခုတော့...
သန်းခေါင်းထက်တော့ညဥ့်နက်နေပါလား
အိပ်စက်ခြင်းတွေအပိုင်သိမ်း
မယိုင်သေးတဲ့ ဒီစိတ်
ရစ်မူးနေလိုက်တာ
ကဗျာပေါ်လာနားတဲ့ လရိပ်တောင်
တရေးအိပ်ရောပေါ့.......
လေလွင့်လူ(ကမာမြေ)
0 comments:
Post a Comment