Tuesday 17 January 2012

သံယောဇဉ်ရဲ့အတောင်ပံ

                                 


(လေလွင့်လူ)မချည်ပါဘူး တစ်မျှင်မှ
နှောင်ဖွဲ့ ခြင်းတွေကြားပေးဆပ်ခြင်းကိုခင်း
ခပ်ရဲရဲလျှောက်ခဲ့တဲ့လမ်းတလျှောက်....
ယောင်လို့ တောင် ကောက်ယူဖို့ အတွေးချက်မှာမပါ
အဲ့တာက မေတ္တာဆိုရင်အခါခါ ပေးဖို့ ဝန်မလေးဘူး။

(လွမ်းပိုင်ရှင်)မျှော်လင့်ချက်နဲ့ ဖော်ဖက်မပြုခဲ့ပါ
ခပ်မှိန်မှိန် အငွေ့ဖြူဖြူလေးတွေနဲ့သာ
အက္ခရာတွေနဲ့ ဆောက်တည်နေတဲ့
ပူလောင်မှုမပါ ရင်ဝှက်ခံစားချက်လေး
ထွန်းညှိခိုက် ထွန်းတောက်သွားတဲ့အခါ
မှုန်ပြပြလင်းမီးတိုင်အောက်လေးမှာ
တသွင်သွင်စီးဆင်းနေတဲ့ ချောင်းငယ်လေး
ကြည်ပြာရောင်စဉ်ဖြာထွက်နေခဲ့တယ်။

(လေလွင့်လူ)ထမ်းခဲ့တာလက်တစ်ဆုတ်မဟုတ်
မေတ္တာရယ်ဖြန့် ကြက်ကြဲလို့ 
မိုးမြေတဆုံး သက်ဆုံးရယ်တိုင်ပါစေကွယ်....
ပေးဆပ်ရင်ကျရှုံးတောင် အပြုံးရောင်တောက်မြဲမို့ 
နောင်တ ကယ်မီး ဘယ်ခါဝယ် ပူပင်ငြီးမလဲ။

(လွမ်းပိုင်ရှင်)သစ္စာမှု ရင်ဝယ်ပြု တူယှဉ်ယှက်
ဝေးသွားခါ ရင်ထဲမှာအေးမြစဲ
သံယောဇဉ်လေထုထဲ ပျံဝဲကာ
အတောင်ပံတွေခတ်မိတော့
ညောင်းလေခါမညည်းရက်နိုင်
စိတ်ကိုသာချိုးနှိမ်ရင်း ဘ၀တွေသာ
ဆုံးရှုံးပါစေ အကျွန်ုပ်သစ္စာပြု၏
မည်သောအခါမှ မမုန်းရက်နိုင်လေ.....။            ။
                                         
                                            လွမ်းပိုင်ရှင်နှင့်လေလွင့်လူရေလောင်းပေါင်းသင်း၍ကဗျာတစ်ပုဒ်ပျိုးသည်။

 ကဗျာစာသားအသွားထက်ထက်နဲ့ ကိုလွမ်းပိုင်ရှင်ရဲ့အကြံလေးပါ
အကြံကောင်းသလို သူ့ စိတ်ကူးလေးကောင်းနေတာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခံစားကြပါနော်
လွမ်းပိုင်ရှင် ကဗျာလေးသို့ သွားရန်-

2 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ကျေးဇူးပါ လေလွင့်သူရေ

စံပယ်ချို said...

(လွမ်းပိုင်ရှင်)မှာဖတ်ပြီးပြီ
ဒုတိယမြောက်လာရောက်ဖတ်တာ ဘလော့အသစ်လုပ်ထားတာမသိဘူး

Post a Comment