Tuesday 10 January 2012

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ



ကဲ ...
အခုတော့ ဘာဖြစ်ချင်သေးလဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေ ....
မာန အတ္တတွေ ....
ပိုင်ဆိုင်လိုစိတ်နဲ့  အတွေးတွေ ....
ကျရှုံးခန်းတွေမှာ အလံထူဖို့  မစဉ်းစားနဲ့ တော့
အေးဆေးလေးလှည့်ပြန်လိုက်စမ်းပါ ....

နောက်တစ်ကြိမ်မှတ်ထားပေါ့
အလကားယူသုံးလို့ ရတဲ့ စိတ်ကူးတွေကို
လွယ်လွယ်ယူပြီး အချစ်ဆိုတာကို
ပေါ့ပေါ့လေး မတည်ဆောက်ဖို့ ဆိုတာတွေလေ ....

အပူတွေနဲ့ ကမူးရှုးတိုးလျှောက်အော်နေမယ့်အတူ
အမှားဆိုတာ  ရှာလိုက်ပေါ့....
အသည်းကွဲတယ်လို့ ခေါင်းစဉ်ထက်
အလဲအကွဲ လုပ်ရပ်တွေမှာ
အရှုပ်ဇာတ်တွေ အရင်ရှင်းလိုက်ဦး .....

ကြယ်စင်ထက်လင်းတဲ့ လမင်းအောက်
မင်းရောက်တာ ဂုဏ်ယူလိုက်ပါ ....
ဒီထက်မကနေမင်းဆိုရင် မင်းပြာကျသွားမှာပေါ့...
နောင်တဆိုတာထက် မင်းခြေလှမ်းကို
နောက်မှမချတတ်ဖို့ ပဲ လိုတာပါ ....

သေချာဆုံးက ....  
အမှားလုပ်တတ်ရင်
နောက်ဆက်တွဲဝန်ခံတတ်ဖို့ ပဲ မဟုတ်လား.....

                                  လေလွင့်လူ(၁၉.၁၁.၁၁)

1 comments:

Anonymous said...

ဟုတ်ပါ့ဗျာ.........
အမှားလုပ်တတ်ရင်
နောက်ဆက်တွဲက ၀န်ခံတတ်ဖို့ပဲ ဆိုတာ
သေချာတာတာပေါ့.........။

Post a Comment