Tuesday, 17 January 2012

ကာရံထုဆစ်ပြီးစီးခြင်း

                     

အချစ်ကဆိုတာ
တာထွက်နှေးတဲ့  ခြေထောက်တစ်စုံလား
ပန်းဝင်ချိန်စောဖို့  မရေရာတော့...
(နေပါစေကွာ)
ဒီဆုလာဒ်တွေ ငါမယူတော့ဘူး...

သက်ပြင်းပေါင်းချရတာများတော့
ခေါင်းတောင်ခပ်ငိုက်ငိုက်ကြနေပြီ
လူမှန်တော့ အချစ်ကိုကြံ အပူဒဏ်နဲ့ အကြိမ်ကြိမ်တိုး
(တော်သင့်ပြီကွာ)
ခပ်နွမ်းနွမ်းနဲ့ အသည်း  ခံစားရင်းကွဲပါစေတော့...

မလာနဲ့ ပြောပြီး မနှင်ပဲထားတယ်
ခံစားချက်တွေ ဂရက်ရိုက်
တစ်ခါတစ်ခါ ကန့် တန့် လိုက် အရွဲ့ တိုက်ချင်လာတော့
(မပြောတေ့ဘူးကွာ)
ရင်ထဲစကား ရင်ထဲထားတာပဲကောင်းတယ်...

ဒီလိုနဲ့ မိုးလင်း ငါ့မနက်ခင်း
အခင်းကျင်းတွေတော့ မပြင်နိုင်ခဲ့ဘူး
ကောင်မလေးရေ...
“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့စကား
ငါဘယ်လို အင်အားတွေနဲ့ ပြောရမှာလဲ...။          ။

                                                 လေလွင့်လူ(ကမာမြေ)

4 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းလိုက်တာ

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့တယ် ဆ၇ာလေလွင့်ရေ

အလင်းသစ် said...

“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့စကား
ငါဘယ်လို အင်အားတွေနဲ့ ပြောရမှာလဲ...။ ။။
အံကိုခဲပြီးသာ ပြောလိုက်ပါတော့ဗျာ။။။

ရစ်မ said...

မခေါ်ဘဲလာ မနှင်ဘဲပြေးတော့ကြားဖူးတယ်
မလာနဲ့ပြောပြီး မနှင်ဘဲထားတော့ သိဘူး
မင်းမရှိလဲဖြစ်တယ် ဆိုတဲ့ စကားကို
ပါးစပ်နဲ့ပြောရမှာလေ...ဒါတောင်သိဘူးလား
ငတုံး...........။

Post a Comment