Monday 23 January 2012

သဘောတိုင်းပါလေ



မတွေးတော့ဘူး မင်းအကြောင်းတွေ....
ငါ့စိတ်သာအခါခါညာ
အိပ်မက်ဟာ မင်းအတွက် ကဗျာ...
ရင်နာလည်း အစဉ်သာအမြဲ
ထင်ကာဆဲ နှလုံးသားအခြေ
နေကာလေ မေ....

ယုယမှုတိုင်း တုပမှုနှိုင်း
ငါသာခပ်ရိုင်းရိုင်း စံပယ်
ရနံ့ တိုင်းပြယ်...
နွယ်ချင်ရဲ့ တွယ်ခွင့်မဖက်လေတော့
ကြွေပါစေ မေ...

မြူဝေဆိုင်း တောင်စဉ်တန်းရဲ့
နက်ရှိုင်းရှိုင်းမှာ
ငါမင်းကိုသတိရစိတ်
သွင်မှောက်ကာ ထားခဲ့လည်း
မြင်နေဆဲ မေ...

ငါဘာလုပ်လုပ်..
ချစ်စိတ်က မသုဉ်းလေတော့
မုန်းလိုက်စမ်းပါ မေ
ဒီလူသားရဲ့ အပြုံးပန်း
အရှုံးခန်းမှာ တသက်လုံးနွမ်းတော့မယ် မထင်.......။       ။

                                                               လေလွင့်လူ(ကမာမြေ)

ပုံလေးကိုချစ်စရားကောင်းလို့ ထည့်လိုက်တာပါ။

3 comments:

Lps said...

ယုယမှုတိုင်း တုပမှုနှိုင်း
ငါသာခပ်ရိုင်းရိုင်း စံပယ်
ရနံ့ တိုင်းပြယ်...
နွယ်ချင်ရဲ့ တွယ်ခွင့်မဖက်လေတော့
ကြွေပါစေ မေ...

မြူဝေဆိုင်း တောင်စဉ်တန်းရဲ့
နက်ရှိုင်းရှိုင်းမှာ
ငါမင်းကိုသတိရစိတ်
သွင်မှောက်ကာ ထားခဲ့လည်း
မြင်နေဆဲ မေ...

ငါဘာလုပ်လုပ်..
ချစ်စိတ်က မသုဉ်းလေတော့
မုန်းလိုက်စမ်းပါ မေ
ဒီလူသားရဲ့ အပြုံးပန်း
အရှုံးခန်းမှာ တသက်လုံးနွမ်းတော့မယ် မထင်.......။ ။

ကောင်းလိုက်တာ ဆာရေ အားပေးလေးစားလျှက် ခင်မင်စွာဖြင့် (လွမ်း)

Anonymous said...

လေလွင့်လူ မင်းကဗျာကတော့စံပဲ
တကယ်သဘောကျတယ်..
ကာရံလည်းညီတယ်
အဓိပ္ပာယ်လည်းကောင်းတယ်..
ဆက်ကြိုးစား သူငယ်ချင်း
တိုးတက်ခြင်းအပေါင်းနဲ့ ပြည့်စုံပါစေ..
ရစ်စက်က လိုင်းမရတာတောင်သူများစက်နဲ့
လာအားပေးတယ်နော်..သူငယ်ချင်းကျေနပ်နိုင်ပါစေ..။

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်ရှင်

Post a Comment