Sunday 26 August 2012

"မသေချာခြင်း အတ္ထုပ္ပတိ"



အခုတော့ ဝေးကြပြီးပေါ့..
ကျေနပ်ပါတယ်
အနေမတတ်ခဲ့တဲ့ နှလုံးသား
ပုံအောထားတဲ့မေတ္တာတရား ..
နင်းခြေထွက်ခွာသွားပြီးရင်
တစ်ခုပဲ တောင်းဆိုချင်တယ်
ဘယ်တော့မှ လွမ်းဆွတ်မနေပါစေနဲ့  ..
ကြေကွဲရမှာထက်
နှစ်ခါပြန်ဒဏ်ချက်တွေ
ခံနိုင်ရည်ရှိမယ်မထင်ဘူး ..
မင်းအမှားမဟုတ် သလို
ရင်ခွင်ကြားက တင်းအားတစ်စုံရဲ့ 
ပြိုပျက်ခြင်း ရာဇဝင်သက်သက်တွေပါ ..
ဒါပေမဲ့ ..
တိတ်ဆိတ်ခြင်း အိပ်မက်အိုမှာ
နုပျိုမှုရဲ့  တစ်ဆိတ်တစ်ဒေသတော့
ရန်မူမှုတွေ ငါရင်ဆိုင်ဆဲပဲ ..
ဝန်ခံပါတယ်
ချစ်ခဲ့ခြင်းမှာ
မရေရာခြင်း စိတ်ကူးသက်သက်တွေ ....။          ။

                                                   

2 comments:

ချစ်စံအိမ် said...

မရောက်ဖြစ်တာကြာသွားပြီး ကဗျာလေးလာရောက်ခံစားသွားပါတယ်..

Candy said...

ပျောက်တယ်နော်... ကဗျာလေး အားပေးသွားတယ် :)

Post a Comment