Tuesday 10 January 2012

ချစ်ရသော......................သူ...................



မစခင်ကတည်းက ရလာဒ်တွေမှာ
အရှုံးကို သိနှင့်နေလည်း
ပန်းဝင်ခွင့်တော့ပြုပါ ချစ်သူ ....။

မီးအိမ်ငယ်တစ်လုံးအဖို့  ဘဝအတွက်အလင်းရောင်
မလုံလောက်မှန်း သိနှင့်နေလည်း
လောင်စာကုန် ဆီခန်းထိအောင်တော့
လောင်ကျွမ်းခွင့်ပြုပါ ချစ်သူ ....................။

ရော်ရွက်ဝါ လေပြေအခမှာ
ကြွေကျရမှန်းသိနှင့်နေလည်း
ပင်ယံထက် စိမ်းရွက်တွေအကြား
ခဏတာနေခွင့်ပြုပါ ချစ်သူ.....................။

အစကတည်းက မမက်ခဲ့တဲ့ဆုလာဒ်အတွက်
လွဲချော်ခြင်းကိုနောင်တ မရတော့ပါဘူး
တောက်ပခြင်းမဲ့ အလင်းအတွက်
တဒင်္ဂလေး မြင်မယ်ဆိုရင်တောင်
ကျေနပ်နိုင်ပါတယ် ချစ်သူ.......................။

လေပြင်းမလို ကြွေခွင့်ကြုံရမယ့်ရွက်ဝါအတွက်
မြေပြင်သက်ဆင်းဖို့ လည်းဝန်မလေးပါဘူး
ကြမ္မာအရေး ဇာတာနယ်မှာ
အခါခါလည်နေလည်းပဲ
မမြဲတဲ့ အဖြစ်မှာ စွဲမြဲချစ်နေမှာက
မင်းတစ်ယောက်တည်းကိုပါ ချစ်သူ............။ ။

                                             လေလွင့်လူ(ကမာမြေ)

0 comments:

Post a Comment