Saturday 28 January 2012

နေကိုစားသောတိမ်(သို့ မဟုတ်) ချစ်ခြင်းရဲ့မှတ်တမ်း

မေ....
နောက်ဆုံးတော့ဆုံးရှုံးမှုဆိုတာတွေနဲ့ 
နေသားကြနေတာငါပါပဲလေ...
လှုပ်ခက်ဆဲရင်ခုန်သံတွေ ထိန်းချုပ်ဖို့ ခက်နေတာ
မေတစ်ယောက်မသိပါစေနဲ့ ..
မေ့အပေါ်အထိမနာစေဖို့  သိသာစေတဲ့ရည်ရွယ်ချက်မျိုး
နောင်အဆက်ဆက်မပျိုးတော့ပါဘူး....

မေ...
ရင်ခုန်သံတွေအစ ရယ်မောသံတွေ
အပြုသဘောအမှန်ပါလေ..
မမျှော်လင့်ပဲတွေးခဲ့တာမဟုတ်လို့  မျှော်လင့်ရင်းဝေးရက်တွေကို
မေတစ်ယောက်မသိပါစေနဲ့ ...
မေ့အတွက်ဒီတစ်သက် ချည်နှောင်မဲ့မေတ္တာမျိုးကို ဒီရင်ကလှစ်ဟမပြနိုင်တော့ပေမယ့်
နောင်လာနေ့ ရက်တွေထိအထပ်ထပ်တိုးပါရစေ....

မေ...
ရင်ခုန်ခြင်းအစ ရင်ခုန်ခြင်းအလယ် ရင်ခုန်ခြင်းအဆုံးတိုင်း
မေ့အားအချစ်သည်မဆုံးတိုင်ပါလေ...
တဒင်္ဂမဟုတ်ခဲ့လို့  ပြင်မရတဲ့အဆုံးသတ်တွေ
မေတစ်ယောက်မသိပါစေနဲ့ .....
ပေးဆပ်ခြင်းစကားလုံးမှာ ထိုက်တန်လောက်တဲ့ အရည်ချင်းတွေမရှိခဲ့လို့ 
နောင်အခါပတ်သက်မှုမှာ သက်တန့် တစ်ခုပမာ အရောင်အသွေးစုံပါရစေ...

မိုးမြင့်စံပန်း ပွင့်လန်းဖို့ ရာ မြေပြင်ရင်းမှာမထိုက်ပါ မေ...
ဖယောင်းသမ်း ဖဝါးနုနု ခရောင်းလမ်းကိုမတုပါနဲ့  မေ...
ပိန်းပေါ်ကျ နှင်းစက်ဘဝရဲ့ ဒဏ္ဍာရီတွေ ဖန်လာပြီးသည်မို့ 
ရင့်နစ်ပန်းအတွက် လန်းရက်မှာ တို့ နှစ်ဦးအခန်းဆက်လည်း
လွမ်းရက်ဆိုတာလောက်ပဲ ခပ်ခပ်လှမ်းလှမ်းကနေ့ စွဲတွေ
ပြုံးပြနှုတ်ဆက်လိုက်ရင် လုံလောက်မှာပါမေ......... ။ ။


လေလွင့်လူ(ကမာမြေ)

3 comments:

Anonymous said...

ကဗျာဖတ်ပြီး စိတ်တောင်မကောင်းဘူး
မသိစေချင်တာကောင်းပေမယ့်
ကိုယ်ခံစားရတာတော့ မသက်သာဘူးမလား
သိအောင်ပြောလိုက်တာက ပိုကောင်းမယ်လေ
ကဗျာဆရာတွေ ရူးတယ်ဆိုတာ
လက်ခံသွားပြီ လေလွင့်လူရေ.....P:P:

ဧဒင်အချစ်ပုံပြင် said...

ကဗျာလေးကိုအလွန်ကြိုက်နှစ်သက်ပါတယ်။

Lps said...

ကဗျာလေးကအရမ်းခံစားရတယ်နော် အားပေးခဲ့ပါတယ် လေးစားခင်မင်စွာဖြင့် (လွမ်း)

Post a Comment