Thursday, 16 February 2012

အမည်မသိ ဝေဒနာ





ဝေဒနာကို အသိုက်ဖျက်
ခပ်မိုက်မိုက်နဲ့   ရွက်လွှင့်
တမ်းတခြင်း ပင်လယ်ပြင်က
ခံစားမှုတွေ ထန်လှပါလား....

အချစ်ကို ဘဝလုပ် ပုဒ်စာတွေကိုထုတ်
လမ်းခွဲတာ   အဖြေလား...
လမ်းလွဲတာ အဖြေလား...
လွမ်းရဲတာ  အဖြေလား...
မသေချာမှုရဲ့ နိဂုံး နောက်ဆုံးတော့
ခပ်ပြုံးပြုံးပဲ ပြုံးဖြစ်တာပေါ့...

ကလေးတစ်ယောက်လို
လိုတာမရ ငိုရကြေးဆို
နှလုံးသားလည်းမျက်ရည်အောက်
တော်တော်တောင် နစ်လောက်ပြီ
လွှတ်ပစ်လိုက်တာပဲ ကောင်းတယ်
ရင်ခွင်ဗလာနဲ့ မျှော်လင့်ခြင်းအခွံတွေ...
ဘယ်ရောက်ရောက် ပြန်မကောက်တော့ဘူး

တွေ့ ဆုံမှုက စည်းမှန်းသိရင်
အစကတည်းက နှလုံးသားကိုမကျော်ခိုင်းပါဘူး
ကျွံပြီးမှ ပြန်နှုတ်နေလည်း
ဒဏ်ရာက နေခဲ့တာမှမဟုတ်တာ
အနာအတွက် ဆေးရှာမရတာ
တော်တော်ခက်တယ်...

အခုတော့...
အိပ်မက်ဟောင်းအောက် ကြယ်ကြွေကောက်ပြီး
အလွမ်းသီဖို့  ခံစားချက်တွေတောင်
ဘယ်နဲ့ ညာ မှားတတ်လာပြီ....

                                       လေလွင့်လူ(ကမာမြေ)

2 comments:

ချစ်စံအိမ် said...

ကဗျာလေးလန်းတယ်နော်ေ၇းတတ်လိုက်တာ
အားပေးသွားပါတယ်

ရစ်ငှက် said...

သူငယ်ချင်းကလည်း
လူကြီးပဲဖြစ်နေပြီ
ခုထိ ငယ်ငယ်တုန်းကလို
ဘယ်ညာမှားစီးနေတုန်းပဲလား

Post a Comment