Monday, 6 February 2012

“မတားထားတဲ့ စည်း”


ပိုးထိုးထားတဲ့ ခံစားချက်တွေ
အပြီးသတ်လှီးထုတ်ကာမှာ
ဘာဖြစ်လို့  ရှိုက်သံသဲ့သဲ့က
ကျန်နေရတာလဲ...
အချိန်ကောင်းကိုစောင့်နေတာမဟုတ်ဘူး
အချိန်ကောင်းဖို့ စောင့်နေတာ..
သတ်မှတ်ချက်ရဲ့  စံတော်ချိန်မျဉ်းဆိုတာ မတူမှတော့
ငါတို့ နှစ်ဦး ဆန့် ကျင်ရာသာ ဦးတည်ကြစို့ ...
ကျောခိုင်းရုံလောက်နဲ့  ဆန္ဒတွေကုန်မယ်လို့  
မင်းယူဆနေတာလား...
အချစ်ဆိုတဲ့ အရာက လေးကလွှတ်တဲ့မြှားလိုပဲ
ဦးတည်ချက်ဘယ်တော့မှ မပြောင်းဘူး...
ရင်ခုန်သံတွေမသေဆုံးဘူး..
မျှော်လင့်ချက်တွေလည်း တိမ်နဖုံးဘူး...

အသက်ရှုချိန်တိုင်းတော့ မင်းမဟုတ်ဘူး
ရန်ခုန်မှုတိုင်းတော့ မင်းရှိနေတယ်...
ယုံကြည်ချက်တိုင်းတော့ မင်းမပါဘူး
မျှော်လင့်ခြင်းတိုင်းမှာ မင်းပါနေတယ်...
ငါ့ရင်မှာ နေရာအများကြီးမရှိဘူး...
တစ်နေရာထဲမှာ မင်းရှိနေတယ်...
တန်ကြေးဆိုတာမသတ်မှတ်ထားဘူး
မင်းကိုတော့ တန်ဖိုးအထားဆုံး...
“မေ့သွားမှာပါ”ဆိုတဲ့ စကား
ငါ့နားအခါးဆုံးပဲ...
 အချစ်က ဒီရေကျန်အမှိုက်စမဟုတ်သလို
 အမှဲ့ လွန်အသီးတစ်လုံးလည်းမဟုတ်ဘူး..
တားဆီးထားရင်တောင်ဖြတ်ကျော်ပြီး
အပြစ်ရှိရင်ခံယူလိုက်မယ်...
ငါလည်းမမှား မင်းလည်းမမှားတဲ့ဒီကြားမှာ
လွှတ်ပစ်ဆဲဆဲ သံယောဇဉ်တွေ ပြန်ယူထားပါကွာ...
ငါ့တို့ နှစ်ဦးသားအနာဂတ်
ပူလောင်ခြင်းမိုးတဲ့ ထီးတစ်လက်မဟုတ်လား..
အဲ့ဒီ့အရိပ်အောက် ငါ့တို့ နှစ်ယောက်အတူရှိသင့်ပါတယ်.......

                                                လေလွင့်လူ(ကမာမြေ)




2 comments:

သီရိ said...

ကဗျာအရမ်းကောင်းတယ် အစ်ကို... bravo !

ရစ်မ said...

အချစ်က ဒီရေကျန်အမှိုက်စမဟုတ်သလို
အမှဲ့ လွန်အသီးတစ်လုံးလည်းမဟုတ်ဘူး..
အဟားးးးးးးးး မိုက်တယ်နော့
စာသားကတော့ ဂွတ်ရှယ်ပဲ.....
လူရှယ်ဖို့ပဲကျန်တယ်နော့......D:

Post a Comment