Saturday 31 December 2011

“မင်္ဂလာပါ ၂၀၁၂ ရေ.....”

          


                                “မင်္ဂလာပါ ၂၀၁၂ ရေ.....”

နှစ်ဟောင်းကို ပစ်
နှစ်သစ်ကိုချစ်
“happy new year” အော်နေကြ လူတစ်စု....
ဘာကိုထုလို့  ဘာတွေဆစ်
ငါ့အတွက်အနုပညာမမြောက်ခဲ့တဲ့နှစ်ဟောင်း....
မကြွေပေမဲ့နွမ်းတော့လည်း
ဒီနှစ်ဟောင်းက(အများနည်းတူ)စွန့် ရမှာပေါ့...

နောက်တစ်ကြိမ်လာတဲ့နှစ်သစ် ၂၀၁၂
အပြေးတော့ကြိုချင်ပါရဲ့...
ဘဝတွေထမ်းပိုး နေ့ ညခန်းမခွဲနိုင်သူမို့ 
အော်လိုက်မိပါရဲ့ အလုပ်ထဲ“မင်္ဂလာပါ ၂၀၁၂ ရေ...”

မွေးမြေရပ်ဝေး အလွမ်းတွေကြား
ချစ်သူက ထားသွား အဆွေးကဆင့်
(အင်း...)
နှစ်ဟောင်းကတော့ ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်တွေ ဖြစ်ပေါ့.....
တိတ်တိတ်လေးလေ  ကြိတ်ဆုတောင်းတယ်
ဒီဇင်ဘာနဲ့ နှစ်ဟောင်း အမြန်ပြောင်းဖို့ ....

ဘာပဲဖြစ်ဖြစ် ဘာပဲပျက်ပျက်...
ဒီနှစ်သစ်ရဲ့ ဒီနေ့ ရက်မြတ်မှအစပြုလို့ 
သက်ရှိသတ္တ အနတ္တ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေလိုကြောင်း
စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ.....”

                                လေလွင့်လူ(ကမာမြေ)

1 comments:

Anonymous said...

စိတ်ရင်းတစ်ခု အခြေပြုလို့ 
တောင်းဆုပြုလိုက်ပါရဲ့ ...
“မင်္ဂလာအပေါင်းခကာညောင်းတဲ့ ၂၀၁၂ ရေ.....”
ကဗျာဆရာ လေလွင့်လူ နှစ်သစ်မှာ အောင်မြင်မှုအပေါင်းနဲ့
ပြည့်စုံပါစေ........စိတ်ရင်းနဲ့ပဲ ဆန္ဒပြုပါတယ်...

Post a Comment