Wednesday 9 May 2012

ပေါင်းကူး



"ကိုယ်ထင် ကုတင်ရွှေနန်း"တဲ့....

မရင့်ကြတ်သေးတဲ့ ကျွန်တော်ဘဝရယ်

အဖြစ် အပျက်တွေကြား သံသရာလည်..

ဆယ်ရင်း မျော၊လှော်ရင်း နစ်
အချစ်နဲ့  ကာမဂုဏ်၊ အာရုံတွေ အနှောနှော
အနိမ့်အမြင့် တွယ်ရာမဲ့ လေတံခွန်တစ်စင်းလို
နိမ့်ပင်လျင်လည်းနိမ့်၊မြင့်ပင်လျင် မြင့်
လေတိုက်ဒဏ် မစင်တဲ့
ကွက်လပ်ရယ် ခေါင်းစဉ်တွေကြား 

တခါတခါ စည်းဝါးညီညီ အသက်ရှုသံတွေ..

တခါတခါ စည်းဝါမညီ ထွက်သက်တွေ..

ဘာကိုမှအလျင်မှီ ဆုတ်မကိုင်နိုင်ခင်လေးမှာ
တစ်ရစ်ရစ်တက်လာနေတဲ့ သက်တမ်းနဲ့ နောက်ပါတွေက
တစ်နေ့ တစ်နေ.. 
ငါ့ဇီဝကိုခြွေဖို့ ပဲ ခြိမ်းခြောက်နေတယ်...

                                                လေလွင့်လူ(ကမာမြေ)

3 comments:

ရစ် said...

ဘာကိုမှအလျင်မှီ ဆုတ်မကိုင်နိုင်ခင်လေးမှာ
တစ်ရစ်ရစ်တက်လာနေတဲ့ သက်တမ်းနဲ့ နောက်ပါတွေက
တစ်နေ့ တစ်နေ..
ငါ့ဇီဝကိုခြွေဖို့ ပဲ ခြိမ်းခြောက်နေတယ်...

နာမည် အလွဲသုံးစားမှုနဲ့ ရဲ တိုင်မယ် အမှုဖွင့်ပစ်လိုက်မယ် နော်

ချစ်စံအိမ် said...

ဆယ်ရင်း မျော၊လှော်ရင်း နစ်
အချစ်နဲ့  ကာမဂုဏ်၊ အာရုံတွေ အနှောနှော
အနိမ့်အမြင့် တွယ်ရာမဲ့ လေတံခွန်တစ်စင်းလို
နိမ့်ပင်လျင်လည်းနိမ့်၊မြင့်ပင်လျင် မြင့်
လေတိုက်ဒဏ် မစင်တဲ့
ကွက်လပ်ရယ် ခေါင်းစဉ်တွေကြား အရမ်းကောင်းတယ်..

အလွမ်းမြို့ said...

ဘာကိုမှအလျင်မှီ ဆုတ်မကိုင်နိုင်ခင်လေးမှာ
တစ်ရစ်ရစ်တက်လာနေတဲ့ သက်တမ်းနဲ့ နောက်ပါတွေက
တစ်နေ့ တစ်နေ..
ငါ့ဇီဝကိုခြွေဖို့ ပဲ ခြိမ်းခြောက်နေတယ်...


လာရောက်အားပေးသွားတယ်။ကောင်းတဲ့ ကဗျာလေးပါဘဲ။ အားပေးနေမယ်။
ခင်မင်တဲ့
အလွမ်း

Post a Comment