Saturday, 20 October 2012
Monday, 17 September 2012
Saturday, 8 September 2012
Tuesday, 28 August 2012
"ကျေးဇူးပါ...အတိတ်လေးရယ်"
လွမ်းခွင့်ပေးတဲ့ အိပ်မက်တွေကို
ကျေးဇူးတင်တယ်...
မင်းအကြောင်းခြေရာ ချန်ထားရစ်လို့ ...
ညခင်းသာတဲ့ လတစ်စင်းကို
ကျေးဇူးတင်တယ်...
အလင်းကြားက ကြယ်တစ်ခင်းမှာ
မင်းအကြောင်းတွေ တွေးခွင့်ရလို့ ...
အိပ်ပျက်ခဲ့တဲ့ ညတာရှည်တွေကို
ကျေးဇူးတင်တယ်..
လူးလွန့် အတွေးထက်က
မပီဝိုးဝါး မင်းပုံရိပ်တွေ
မြင်ယောင်တမ်းတခွင့်ရတဲ့အတွက်..
ချစ်ခွင့်ရတဲ့ခဏတာအတွက်
မင်းတစ်ယောက်ကို
ကျေးဇူးတင်တယ်...
ရင်ခုန်ခြင်းရဲ့  ဘာသာစကားတွေ
သိကြားခွင့်ရခဲ့လို့ ...
မဆုံနိုင်တာ ကြမ္မာတရားလို့ 
ငါမပြစ်မတင်ရက်ခဲ့ဘူး
ရနံ့ သင်းသင်း ဒီချစ်ခြင်းမှာ
တွေ့ ဆုံခြင်းက မထင်ကျန်လည်း
ရှင်သန်ဆဲနှလုံးသားနဲ့ 
ရင်ခုန်သံတွေ ဘာသာစကားမှာ
ကာလာတွေခြားသွားပေမဲ့
အလွမ်းရင့်ရင့် ကဗျာအဖြစ်
ပုံရိပ်ယောင်တွေ ကြွင်းကျန်ရစ်ဆဲပါ မေ ...... ။ ။
လေလွင့်လူ(ကမာမြေ)
Labels:
ကဗျာ
Sunday, 26 August 2012
"မသေချာခြင်း အတ္ထုပ္ပတိ"
အခုတော့ ဝေးကြပြီးပေါ့..
ကျေနပ်ပါတယ်
အနေမတတ်ခဲ့တဲ့ နှလုံးသား
ပုံအောထားတဲ့မေတ္တာတရား ..
နင်းခြေထွက်ခွာသွားပြီးရင်
တစ်ခုပဲ တောင်းဆိုချင်တယ်
ဘယ်တော့မှ လွမ်းဆွတ်မနေပါစေနဲ့  ..
ကြေကွဲရမှာထက်
နှစ်ခါပြန်ဒဏ်ချက်တွေ
ခံနိုင်ရည်ရှိမယ်မထင်ဘူး ..
မင်းအမှားမဟုတ် သလို
ရင်ခွင်ကြားက တင်းအားတစ်စုံရဲ့ 
ပြိုပျက်ခြင်း ရာဇဝင်သက်သက်တွေပါ ..
ဒါပေမဲ့ ..
တိတ်ဆိတ်ခြင်း အိပ်မက်အိုမှာ
နုပျိုမှုရဲ့  တစ်ဆိတ်တစ်ဒေသတော့
ရန်မူမှုတွေ ငါရင်ဆိုင်ဆဲပဲ ..
ဝန်ခံပါတယ်
ချစ်ခဲ့ခြင်းမှာ
မရေရာခြင်း စိတ်ကူးသက်သက်တွေ ....။ ။
ချစ်ခဲ့ခြင်းမှာ
မရေရာခြင်း စိတ်ကူးသက်သက်တွေ ....။ ။
Labels:
ကဗျာ