စာနာတတ် နှလုံးသားတစ်ခုပဲ လိုအပ်တာ။
အပိုဇာတ်ခင်းပြီး ငါ့လည်ပင်း အခါခါနင်း
ကြိုးကွင်းစွပ်ဖို ကြံစည်ချက်
ဟန်မပျက်ပါဘူး။
ငါ့ကတော့ ရယ်လျက်။
လောကဟာ စုတ်ချက်ညီတယ်။
အထိုင်အထလည်း မြန်တယ်။
အရင်းဆွတ်ရင် အရင်းပဲ ညှိုး၊
အကင်းဆွတ်ရင်လည်း အကင်းပဲ ညှိုးရမှာ
ဒါဟာ ဓမ္မတာပါ သူငယ်ချင်း။
ကိုယ်လုပ်တာ ကိုယ်တွေးပါ။
သူတစ်ပါး အရေး ကိုယ်ချင်းစာမပေးတောင်
ခပ်နှောက်နှောက်တွေ လာမပေးစမ်းပါနဲ့ ။
မင်းလမ်းလည်း သာမယ်ထင်တာလား.... (ခပ်စားစား သူငယ်ချင်းတစ်ယောက်သို့ ....)
လေလွင့်လူ(ကမာမြေ)
2 comments:
နေ့ခင်မှာတော့ဘယ်လသာမလည်းနော်..
ကဗျာလေးခံစားသွားပါတယ်..
နေ့ခင်းဘက်လမသာ ..... ညဦးဘက်နေမထွက်ပါ
ဟာ......ဟာ....ဟာ........သီချင်းနော် လေလွင့်
ခပ်စားစားသူငယ်ချင်းကိုလည်း နားလည်ပေးလိုက်ပါဟာ
လူတိုင်းကတော့ ကိုယ့်လိုစိတ်မျိုး ဘယ်ရှိပါ့မလဲ
မင်းလဲ သူ့လိုစိတ်မျိုးမရှိဘူးလေ..ဟုတ်တယ်....ဟုတ်....
Post a Comment