Monday 2 April 2012

နှစ်မြှပ်မှု စက်သီးတစ်လုံး




နှင်းဆီနီတွေ တိမ်ပြာတွေအောက် အရောင်တောက်ချိန်
ရာသီလွန် မုတ်သုန်တွေရဲ့ ကျီစားခြင်းနောက်ကွယ်မှာ
နာမတွေမဖော်ရသေးခင် အသစ်သစ်သော ဝေဒနာတွေက
မြဲမြန်ဆုတ်ကိုင်မှုအပေါ်တိုက်စားရင်း
ချည်နှောင်ခြင်း ဖျော့ဖျော့ကို ဝမ်းနည်းပြိုဆင်းခြင်းနှင့်အတူ
တမ်းခြင်းတွေတပါးတည်း တိုက်စားမြှပ်နှံလိုက်ကြတယ်...

အရိပ်တွေထင်နေဆဲ အတိတ်ရက်စွဲ စွန်းစွန်းတွေ
အိပ်မက်တိုင်းပြည်တစ်ခုရဲ့ ပုံပြင်ဒဏ္ဍာရီမှာ
နေ့ ညကူးသန်းချိန်လေး ချခွဲမှုမဟုတ်တဲ့ ကျကွဲခြင်း အလွဲတွေကြား
ချစ်ခြင်းတံခါးဝလေးတင် ဝိညာဉ်တွေဝဲပျံလို့ 
ခိုနားခြင်းအတွက် အန်တုနိုင်ဖို့  ခွန်အားတွေ အငွေ့ ပျံသွားပြီ...

အရပ်မျက်နှာမူရာ စွဲလမ်းမှုတွေ ချုပ်ကိုင်ဆဲပဲ
ပျောက်ဆုံးမှု လမ်းဆုံးမှာ ရပ်နေရင်း
အက်ရှရှသံစဉ်စီးကြောင်းနဲ့  နက်ရှိုင်းစွာပျော်ဝင်နေတဲ့
ပုံရိပ်တစ်ခု.....
သေချာတယ်....
ဘယ်လိုမှငြင်းပယ် ထုတ်မပစ်နိုင်တာ....
ဘယ်တော့မှလည်း.......
ဆုံနိုင်ခွင့်တွေ မရှိနိုင်တော့တာ...
ငါကိုယ်တိုင် မြေမြှပ် သင်္ချိုလို့  မရတဲ့ စွဲလန်းမှုတွေ....
မာနသရဖူရှင် ချစ်နတ်သမီးရဲ့ ပြုစားခြင်းတွေ
အရှုံးပေး ဝင်ခံခြင်းတွေနဲ့  ငါ.....
မှော်ဝင်နေတဲ့ချစ်ခြင်းမှာ ပျော်ဝင်သက်မဲ့နေပြီ.....


                                                             လေလွင့်လူ(ကမာမြေ)

1 comments:

ရစ် said...

လူသားအားလုံး ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာ
ကိုယ့်သမိုင်း ကိုယ်ရေးတာပဲဆိုပေမယ့်
“ရစ်”ကတော့ သူများသမိုင်းတွေကြားမှာ ၀င်ရှုပ်မိနေတယ်
ဒါကလည်း သူငယ်ချင်းတွေကို အရမ်းခင်လို့ပါ…
တိုတောင်းတဲ့ လူ့ဘ၀မှာ ရှေးရေစက်ကြောင့် သိခွင့်ဆုံခွင့်ရခဲ့ကြတာပါ
သူငယ်ချင်း မင်းရင်ထဲမှာ ပူပင်သောကတွေ နဲ့ ၀မ်းနည်းခြင်းတွေအလျင်းကင်းပါစေ
“ May be healthy , wealthy and happy !”

Post a Comment