လမ်းခွဲချိန် ဇာတ်သိမ်းခန်းတွေ
နာနာကြင်ကြင်နဲ့  ဖြတ်ခဲ့ရတယ် မေ..
သတိရစိတ်လွယ်ထားတဲ့ ဘဝ
တစ်ထောင့်တစ်ညတွေ ဆုံးမယ်မထင်..
မေ နင်းဖြတ်သွားတဲ့ ဒီဇာတ်လမ်းဟောင်းကတော့
ရင်တွင်းအသစ်သစ်တွေ ဆက်လို့ နေဆဲ..
ရင်ခွင်ဟာ ကွက်လပ်တစ်ခု လွမ်းဒဏ်ရာ နာကြင်မှုတွေ
မေ... မရှိတဲ့နောက် မေ.. မသိတဲ့နောက်
ဟိုးအဝေးဆုံး မိုးကုတ်စက်ဝိုင်းတွေ
မျှော်ကြည့်ရင်း လွမ်းဆွေးရင်း
တမ်းတမှု ဖြစ်တည်ခြင်းတွေ..
ဘယ်တော့....
ဘယ်နေရာမှာ...
ဘယ်လိုအဆုံးသတ်မှာလဲ...
ငါကိုယ်တိုင်မသိနိုင်တဲ့ အချစ်ရဲ့ ဒဿနတွေ
ပြောပြစာဖွဲ့ နေရုံ အရာမထင် အရိပ်မကျန်
အချစ်ရဲ့ အစ ကြေကွဲခြင်းအဆုံး
နာနာကြင်ကြင်ပဲ ပြုံးကာနေမယ် မေ..
ကိုယ်တို့ နှစ်ဦး လမ်းဆုံးရဲ့  တစ်ဖက်ခြမ်း
မေ့ရဲ့ အပြုံးပန်း ရယ်သံတွေ
ထာဝစဉ်ချိုမြိန်နေပါစေ မေ....
လေလွင့်လူ(ကမာမြေ)
4 comments:
ကိုယ့်ဆရာရေ ရသ ကောင်းကောင်းလေးတွေနဲ့
ပဲ အလွမ်း သယ်နေတော့မှာလား ဗျို့..
အင်တာနက် ခေတ်
အိုင်တီ ခေတ်လေ ဘုန်းဒိုင်းဂွမ်း ပဲ လုပ်တော့ အကိုရေ..
... တော်ကြာ အလွမ်း တွေနဲပဲ ပိပြီး အရိုးဆွေးနေအုံးမယ်နော့..
ခင်မင်လေးစားလျှက်
(ဒုတိယ)
ဟီးဟီ နာကြိုက်လို့ ပါဟ ဒုတိယရေ..
ဗုန်း ဒိုင်း မလုပ်ရဲပါဘူးဗျာ
တော်ကြာ အုံး ခွက်နဲ့  အဆုံးသတ်မလှဖြစ်နေပါ့မယ်ဗျာ
(လုပ်တဲ့သူတွေကိုတော့ အားပေးတယ်နော်...:P)
ငါကိုယ်တိုင်မသိနိုင်တဲ့ အချစ်ရဲ့ ဒဿနတွေ
ပြောပြစာဖွဲ့ နေရုံ အရာမထင် အရိပ်မကျန်
အချစ်ရဲ့ အစ ကြေကွဲခြင်းအဆုံး
နာနာကြင်ကြင်ပဲ ပြုံးကာနေမယ် မေ..
ကဗျာလေးကောင်းလိုက်တာ အားကျထှာနော်
အရမ်းကောင်းတဲ့ ကဗျာလေးကို လာရောက်ခံစားပါတယ်လေလွင့်လူရေ
ကိုယ်တို့ နှစ်ဦး လမ်းဆုံးရဲ့  တစ်ဖက်ခြမ်း
မေ့ရဲ့ အပြုံးပန်း ရယ်သံတွေ
ထာဝစဉ်ချိုမြိန်နေပါစေ မေ....
Post a Comment