Friday 4 May 2012

ငါနဲ့ အွန်လိုင်း၊ အွန်လိုင်းနဲ့ ငါ



ငွေ(၃၀၀)ကျပ်နဲ့  ဖင်ပူအောင်မထိုင်ခဲ့ရသမျှ
ဟောဒီ နိုင်ငံရပ်ခြားမှာ
ငွေ(၃)ကျပ်နဲ့  (၂၄)နာရီအကြိုက်သုံးရတဲ့ အွန်လိုင်း..
ပေါလိုက်တဲ့ Laptop...
ဘယ်တော့မှ မပျက်တဲ့ မီး..
Boardband ကိုတပ်
ကွန်ပျူတာ(၂၄)နာရီမရပ်လို့ 
"အချိန်မှန် အိပ်၊အချိန်မှန် စား"
(ဟာ..  သွားစမ်းပါ)
ဒီစကား ငါ့ဘက်တော့ နားအတော်ခါး
အစပိုင်းတော့ ကောင်းပါတယ်
ဗဟုသုတနဲ့  တရားဆိုဒ်
အာရုံတော့ အတော်စိုက်မိသား...

သိပ်မကြာခင် လူ့ စရိုက်
အသေချာကို ပြောင်းလာတယ်
အွန်လိုင်းတစ်ခွင် ခရီးနှင်လို့ 
ဟိုလူ Add၊ ဒီလူ Add
chating ဇာတ်နဲ့  နေ့ ညမကွဲ
အိမ်ဆိုတာလည်း ငွေမလွှဲ
မမှန်တော့တဲ့ အလုပ်တက်ချိန်
ပျက်ရက်ဆိုလည်း များလာတယ်...
ငဖြူကို ငမဲပြော၊ငညိုက ငနီဖြစ်
လုပ်ဇာတ်ခေတ်မှာ အပျော်ကျူး
အအိုက အပျိုဖြစ်၊ ပျိုမျစ်နေကြတာ
မုသားဝါဒနဲ့  ကာမေသုတရား
ခပ်ဝါးဝါးလည်း မထင်နိုင်တော့
ဘာတဲ့...
အွန်လိုင်းအချစ်..
အဆန်းသစ်လို့  အမှန်အမှားကြား
အလိမ်အညာပေါ  လောကအလည်
ဟုတ်ရင်မရှက်နဲ့ ..
ငါလည်းပဲအမှားယွင်း လူတစ်ယောက်
လမ်းကောက်ရင် လမ်းဖြောင့်ရှာ
မရေရာ ကောက်ချက်တွေနဲ့ 
ဘယ်လိုယုံကြည်မှုတွေ အသားပေးလို့ 
ဇာတ်လမ်းက ဘာအတွက်ရေးမှာလဲ.. 
"မှန်ပါတယ်"ဆိုတဲ့စကား
သဲ့သဲ့လေးတော့ ကြားဖူးတယ်.....

(သူများအကြောင်းလည်းမပြောတတ်ပါ..စပ်မိစပ်ရာ ဘာညာကွိကွ!)
                                      လေလွင့်လူ(ကမာမြေ)
 

6 comments:

ချစ်စံအိမ် said...

မရေရာ ကောက်ချက်တွေနဲ့ 
ဘယ်လိုယုံကြည်မှုတွေ အသားပေးလို့ 
ဇာတ်လမ်းက ဘာအတွက်ရေးမှာလဲ..
"မှန်ပါတယ်"ဆိုတဲ့စကား
သဲ့သဲ့လေးတော့ ကြားဖူးတယ်.....အမှန်တွေကြီးရေးသွားတာကို :P

လွင်ပြင်လှိုင်းငယ် said...

မှန်လိုက်တာေ၇ပေါ်အရုပ်ရေးတာမှထင်ချင်ထင်မယ်
အွန်လိုင်းအချစ်ကတော့ အလိမ်အညာပြဇာတ်တစ်ပုဒ်လိုပါပဲ

Unknown said...

အားးပါးး ကောင်းလိုက်တဲ့ကဗျာလေးဗျာ
တစ်ကယ့် အမှန်တွေကို ထုပ်ချပြလိုက်သလိုပါပဲလားး

အားပေးသွားတယ် ကိုလေလွင့်ရေ..း)

(ဒုတိယ)

မင်းအရိပ် said...

ကဗျာလေးက ရှယ်ပဲဗျာ
အမှန်တရားတွေနဲ့ ဒက်ထိကွက်တိ
ကိုယ်တိုင်အပါအ၀င်ပေါ့ဗျာ

ရစ် said...

ဟင်းးးးးးးးး ခေါင်းမူးတယ်
အားလုံးအတူတူပဲ ....... မဟုတ်ဘူး
တချို့ တွေ ရိုးသားတယ်
ဒါပဲ ...... ၀ါးလုံးနဲ့ သိမ်းကြုံး မရမ်းနဲ့

အလွမ်းမြို့ said...

လေလွင့်ရေ. ဟားဟား ..တကယ်ကောင်းတဲ့ ကဗျာလေး။ တကယ့် ဖြစ်စဉ်လေးတွေ
ရေးချတတ်ပါ့။တော်တယ်။ အမြဲလာလည်မယ်။ အားပေးမယ်။


ခင်မင်တဲ့
မကြီးလွမ်း

Post a Comment