Thursday 24 May 2012
အခါမှီ မိုးရဲ့  ခပ်ဖျော့ဖျော့ခြေရာ
ထွက်သွားတာပဲ ဖြစ်ဖြစ်...
ချန်ခဲ့တာပဲ ဖြစ်ဖြစ်...
သံယောဇဉ်အမြစ်တွယ်မှုအကြောင်း
နင်ရယ်ငါ ကောင်းကောင်းသိခဲ့ကြတယ်
တရားဝင်မဟုတ်တဲ့ နေ့ စွဲတွေကိုမှ
ချစ်သူများအဖြစ် ပြဌာန်း
ပေးအယူမျှတဲ့ မေတ္တာတွေက
ငါတို့ နှစ်ဦးရဲ့ နောက် အဖြူဖြူသက်သက်
ကြွင်းကျန်ရစ်နေဆဲပါ
ဘဝက ဘဝပဲလေ
စိတ်ကူးယဉ်အချစ်ဆိုတာ
ရနံ့ သင်းသင်းပန်းတစ်မဟုတ်သလို
ဆေးရောင်ခြယ် ပန်းချီကားတစ်ချပ်မဟုတ်တာ
နင်ရောငါပါ အတိလင်းသိထားကြတယ်
တာရှည်မဟုတ်တဲ့ ချစ်ခြင်းတစ်ခုကို
မျှော်လင့်ချက်ပါပါ မျက်ရည်တွေနဲ့ 
ရင်ခုန်သံမိုးပြီး တည်ဆောက်ခဲ့ကြတယ်
တစ်ချက်တစ်ချက် အသက်ပါပါ
နင်ရောငါရောပြုံးခဲ့ကြတယ်
တူညီတဲ့ ရင်ခုန်သံတွေ စည်းချက်လိုက်ရင်
လောကကြီးကို ခဏမေ့ခဲ့ကြတာမဆန်းပါဘူး
ဒါပါပဲဟာ...
ဘဝရဲ့ ခဏတာတွေ..
မျှော်လင့်ချက်ဆိုတာ မျှော်လင့်ခွင့်မရတော့အချိန်
နင်ရောငါရော အိပ်မက်ခေါက်သိမ်း
ခေါက်ရိုးကျိုးရင်ခုန်သံတွေဆန့် လို့ 
တစ်လမ်းစီလျှောက်ခဲ့ကြတယ်
လားရာမတူ အခြေခံချက်တွေမှာ
ဒဏ်ချက်နဲ့ ပြည့်နှက်နေလည်း
နင်ရောငါရော ကျန်တစ်ဖက်နှလုံးသားကိုယ်စီနဲ့ 
ဘဝကို မမေ့ပျောက်သင့်ပဲ မေ့ဖျောက်ထားရမှာပါပဲ။ ။
လေလွင့်လူ(ကမာမြေ)
၂၅-၅-၁၂(၁:၁၂)
3 comments:
လ သုံးလုံးရေ ကဗျာကောင်းလေး ခံစားအားပေးသွားပါတယ်
လားရာမတူ အခြေခံချက်တွေမှာ
ဒဏ်ချက်နဲ့ ပြည့်နှက်နေလည်း
နင်ရောငါရော ကျန်တစ်ဖက်နှလုံးသားကိုယ်စီနဲ့ 
ဘဝကို မမေ့ပျောက်သင့်ပဲ မေ့ဖျောက်ထားရမှာပါပဲ။ ။အားပေးခဲ့ပါတယ်..
လားရာမတူ အခြေခံချက်တွေမှာ
ဒဏ်ချက်နဲ့ ပြည့်နှက်နေလည်း
နင်ရောငါရော ကျန်တစ်ဖက်နှလုံးသားကိုယ်စီနဲ့ 
ဘဝကို မမေ့ပျောက်သင့်ပဲ မေ့ဖျောက်ထားရမှာပါပဲ-----------------------------------------------------------
တနေ့နေ့ပြန်ဆုံမှာပါ
Post a Comment