Saturday 17 March 2012

အလွမ်းညရဲ့ ပင့်သက်များ





မင်းနဲ့ အပြီးသတ်ဝေးရာမယ်ဆိုတဲ့ တစ်ညက
လွမ်းခြင်းတွေ မငိုအောင် ငါထိန်းခဲ့တယ်
ဒါပေမဲ့...
မိုးသောက်ချိန်ရဲ့ ရှိုက်သံတွေ ငါမပိုင်ခဲ့ဘူး

စိတ်သစ်ကိုယ်သစ်နဲ့  နေ့ ရက်တွေမှာ
မင်းဆိုတာကို မေ့ထားခဲ့ပါတယ်
ဒါပေမဲ့...
အလွမ်းပြိုတဲ့ ရက်စွဲတွေ ငါမပိုင်ခဲ့ဘူး

မင်းအတွက် နယ်မြေသစ်ဆိုတာတွေ အမြဲစိမ်းလန်းနေဖို့ 
ငါဆုတောင်းပေးခဲ့တယ်
ဒါပေမဲ့....
ငါ့ရင်ခွင်ကို ဆက်လက်ရှင်သန်ခွင့်တွေ ငါမပိုင်ခဲ့ဘူး

 နောက်ဆုံးတော့...
ချစ်ခြင်းမှာ ငါပိုင်ဆိုင်ရတာ
မင်းရဲ့ အမုန်းဆိုတာတွေပဲ...
ငါကျေနပ်ပါတယ်...
တခါခါ အနေမတတ်တဲ့ ငါ့နှလုံးသားကိုတောင်
မင်းစိတ်မဆိုးရအောင် တမ်းတခွင့်တွေတောင်
ရုပ်သိမ်းထားလိုက်တယ်.....။              ။

                                                          လေလွင့်လူ(ကမာမြေ)
 (မင်းအတွက် ရတဲ့ဒဏ်ရာဆိုတာ ငါ့အတွက် အသေးဖွဲပါ....)

2 comments:

ရစ် said...

ဖြစ်ရမယ် ကမာမြေကတော့
အဟင်းးးးး
ကဗျာလေး ခံစားသွားသီ

သီရိ said...

အစ်ကို ဒီကဗျာလေး ကြိုက်လို့ ကူးသွားတယ်

Post a Comment