Tuesday 20 March 2012

"သွေးလွန်အိပ်မက်ပုံပြင်"


မတည်မြဲခြင်း နိယာမကို
ဘယ်သစ္စာနဲ့  နောက်ယောင်ခံလိုက်မှာလဲ
ဖြူစင်ပါတယ်ဆိုတဲ့ အပြုံးတစ်ပွင့်က
မုန်းသူကြား လက်နက်ဖြစ်ခဲ့ရတယ်
တွန့် ကြေအိပ်မက်ရဲ့  ခေါက်ရိုးတွေ
ပြန်ဆန့် နိုင်ခဲ့မယ် ဆိုရင်တောင်
အရာမထင်ကျန်စေ ဖို့ ခက်တယ်
ဘယ်လောက်ပင် အမြင့်ပျံပါစေ
အတောင်ညောင်းခိုက် နားခိုရာကိုတော့
တင်္ဂသတိတော့ ရသင့်တယ်
သီးခြားထားမှ စည်းခြားထားတော့
ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့
မနစ်နာစေဖို့  ပစ်ခွာနေတာလိုစိတ်ကို
မာနတွေနဲ့  အလဲလှယ်လုပ်သွားတယ်
နံပါတ်တစ်ရဖို့  နံပါတ်ဘယ်လောက်တွေ ပစ်ချရမယ်ဆိုတဲ့
အရိုးစွဲအတ္တက ချစ်ခြင်းမေတ္တာဆိုတာ
ကောက်ကြောင်းပေးနိုင်မှာတော့ မဟုတ်ဘူး
ဘယ်တတ်နိုင်မလဲ
သံယောဇဉ်ကိုက ဆေးမခြောက်မှန်းသိသိကြီးကို မှီခဲ့မှာတော့
ပျော်ရွှင်မှု လှိုင်းကြပ်ခွပ်မှာ ခဏတာ လေပြေညှင်းလောက်နဲ့  ကျေနပ်ပါတယ်
ယုံကြည်မှု အပြည့်သယ်ဆောင်ခဲ့ရတဲ့
အတွေးအိပ်မက်ရဲ့  အပိုင်းစတွေ
ဆက်လက်ရှင်သန်ဖို့  ဘာတွေမှဆွဲမဆန့် ချင်တော့ဘူး

အရမ်းတန်ဖိုးထားခဲ့ရတဲ့ ထက်မြတ်မှုတွေက
နေ့ နဲ့ ည ဝေဒနာခွဲစိတ်မှုအပြီးမှာ
အကြီးမားဆုံး ရက်စက်မှုတွေ ဖြစ်နေတာ    
နှမြောမိတယ်
နောက်ဆက်တွဲ ထိန်ချန်မှုတွေနဲ့ 
စည်းမဲ့ကမ်းမဲ့ အလွမ်းက အသစ်အသစ်ရက်စွဲတွေထက်
ပြန့် ကြဲနေမှာတော့ အမှန်ပဲ။                  ။

                                                    လေလွင့်လူ(ကမာမြေ)

2 comments:

ချစ်စံအိမ် said...

စည်းမဲ့ကမ်းမဲ့ အလွမ်းက အသစ်အသစ်ရက်စွဲတွေထက်
ပြန့် ကြဲနေမှာတော့ အမှန်ပဲ။ လန်းတယ်စာသားက ။

ရစ် said...

အတွေးအိပ်မက်ရဲ့  အပိုင်းစတွေ
ဆက်လက်ရှင်သန်ဖို့  ဘာတွေမှဆွဲမဆန့် ချင်တော့ဘူး
ဆွဲမဆန့်တော့ သက်သာတာပေါ့ ကမာမြေရဲ့ အဟ
ကောင်းတယ်ဟေ့ ကဗျာကတော့ အလန်းဇယားပဲ

Post a Comment