Wednesday 28 March 2012

အလင်းဌက်ရဲ့ ခြေသံ



ကြိုးကြာတွေ ထောင်ချီတဲ့ခရီးမှာ
စွန်တစ်ကောင်  လေဟုန်ကြားက
ခပ်ဖျောက်ဖျောက် မိုးစက်အောက်
အတောင်စို ညဥ့်အနက်မှာ
အိပ်မက်တွေ တစ္ဆေနိုး
စိုးမိုးလို့ သွားတယ်။

ရာသီစာ ပစ် ပေါ်ဦးပေါ်ဖျားကြား
ဆန္ဒတွေ ဆန်အတက် အလှည့်မတတ်တော့
ခရီးတွေ ရှည်ကုန်ရပြီး။

အတိတ်နဲ့ အနာဂတ်
ပစ္စုပ္ပန်ရဲ့  ဒဏ်ချက်
ဖားထေးမှုတွေ ထပ် 
ဘာသာစကား မတတ်တယ်တဲ့နယ်မှာ
အိပ်မက်တွေ ဆွဲကြိုးချသွားတာ 
အခါခါပဲ။

ခိုင်မာချက်မှာ ဂဟေအထပ်ထပ်နဲ့ 
တည်ဆောက်ထားတဲ့ ပန္နပ်တွေ
လက်ရေမချိုးခင် မျက်စိတမှိတ်လေး
ပျောက်ကွယ်ကုန်ကြတယ်။

ဆန်ကုန်မြေလေး ဒီအတွေးနယ်များ
ခပ်ဝါးဝါးလေးသာ ဖျောက်ပစ်လောက်အောင်
အများအခါး လိုက်ခါးနိုင်ဖို့ 
ကြမ်းကြားထက် လေ အဝသယ်ဖို့ 
သိက္ခာတရားတွေနဲ့  ထုတ်ပိုးနေတယ်။         ။


                                                             လေလွင့်လူ(ကမာမြေ)

2 comments:

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်...

ရစ် said...

ဆန်ကုန်မြေလေး လို့ပဲဟာ
အဟားးးဟဟ အဲ့လိုတွေးနဲ့လေ
တန်ဖိုးရှိပါတယ် လေလွင့် ရ......

Post a Comment