Friday 3 February 2012

ကောင်မလေးအတွက်ရေးထားတာ...





ကောင်မလေးရေ...
မြူတွေဝေတဲ့ ဆောင်းတစ်ညက
အချစ်တွေပျောက်ရှခဲ့တယ်
နူးညံ့ခြင်းမျက်ဝန်းတစ်စုံက ကြင်နာခြင်းတွေဖိတ်စင်ခဲ့လို့ 
ငါလေ...ရင်မှာအရိပ်ဆိုတာထင်လာခဲ့ပြီ....

ကောင်မလေးရေ...
နီးစပ်ခြင်းမှာ ယဉ်ပါး ထင်မထားပဲ
ချစ်ခြင်းတရားတွေနေရာယူသွားတော့
ချစ်ခြင်းတွေကိုမိုး အလွမ်းဆိုတာ စီချင်းထိုးရမှာ
ငါလေ...အစက ဘာလို့ မသိခဲ့ရတာလဲ...

ကောင်မလေးရေ...
မျှော်လင့်ချက်ရဲ့ လမ်းပေါ် အတောင်တွေကမစုံ
ချစ်ခြင်းတွေပြည့်စုံဖို့  ကာရံဆိုတာလှပနိုင်ပမလား
စွန့် လွှတ်ခြင်းဆိုတာ ကြိုးစားဖို့ 
ငါလေ...အခါခါတွေဝေခဲ့ရတယ်

အပြင်ပိုင်းမှာ ငါပြုံးပေမယ့် နှလုံးသားကအခါခါငိုနေပြီ
ဒါပေမဲ့..ငါပျော်ပါတယ် ကောင်မလေး
ချစ်ခြင်းတွေချစ်ခွင့်ရတဲ့တခဏလေးဟာ
ငါ့ဘဝရဲ့ခမ်းနားတဲ့ ဒဏ္ဍာရီလေးပါ
အလွမ်းတွေနဲ့  မျက်နှာသစ်ဖို့ 
ငါ့ကိုတခဏတော့ အိပ်ခွင့်ပြုပါ ကောင်မလေးရေ........

                                                            လေလွင့်လူ(ကမာမြေ)

3 comments:

ချစ်စံအိမ် said...

အလွမ်းနဲ့တော့မျက်နာမသစ်ပါနဲ့ ကွယ်
ကဗျာလေးခံစားသွားပါကြောင်း

Anonymous said...

နှလုံးသားက ငိုတယ်လား
ငါမြင်ဖူးဘူးဟ ဘယ်လိုငိုသလဲ
သိချင်ပါတယ်..ပြောပြပါလား
မျက်နှာကိုရေနဲ့မသစ်ဘဲ
အလွမ်းနဲ့သစ်လို့ရလား
အံ့ဖွယ်ပဲနော့......။

နွေလ said...

အရမ်းကောင်းတယ်ဗျာ
ကဗျာငတ်နေသူတစ်ယောက်အတွက်တော့
တကယ့် အိုအေစစ်ပဲ

အလွမ်းတွေနဲ့ မျက်နှာသစ်ဖို့
ငါ့ကို တစ်ခဏတော့ အိပ်ခွင့်ပြုပါ ကောင်မလေးရေ . . .

စာသားလေးက လန်းတယ်
လာလည်သွားတယ်နော်
ခင်ခင်မင်မင်
Nwai La

Post a Comment