Wednesday 22 February 2012

ဆန္ဒလေးများ(ချစ်သူသို့ )




မင်း သတိရလို့ တွေးတဲ့အခါ 
ငါအကြောင်းတွေပဲဖြစ်ပါရစေ...

မင်း ငြီးဆိုနေမယ့် သံစဉ်လေး 
ငါ့အတွက်သီချင်းလေးဖြစ်ပါရစေ...

မင်း လွမ်းလို့ သီကုံးတဲ့ ကာရံ
ငါ့အတွက် ကဗျာလေးဖြစ်ပါစေ...

မင်း မက်မဲ့အိပ်မက်မှာ 
ငါ့ပုံရိပ်တွေ ဖြစ်ပါစေ....

မင်း ကြေကွဲလို့  ငိုတဲ့အခါ 
ငါ့ရင်ခွင်ပဲဖြစ်ပါစေ...

ဘာတွေဖြစ်ဖြစ် မင်းနဲ့ 
ချစ်ခြင်းတစ်ခုတည်းရှိပါစေ...

မိုင်ထောင်ချီ သမုဒ္ဒရာတွေကြား
နှစ်ဦးသား ဝေးကွာနေလည်း
တမ်းတခြင်း ချစ်ခြင်းများနဲ့ 
ငါ့တို့ နှစ်ဦးနှလုံးသားတွေ အစဉ်နီးပါရစေ...

နေ့ နဲ့ ညကန့် သတ်ချက်ရဲ့ 
ရက်စွဲတွေ လွန်မြောက်ပြီးရင်
တမ်းတခြင်းတွေ  မင်းအတွက် 
အဆပေါင်းတိုးလို့ ပေးပါ့မယ်...

ဒီအချိန်လေးပဲ ချစ်သူ..
မင်းအတွေးအားလုံး 
စိုးမိုးသူတစ်ယောက်အဖြစ်နဲ့ 
ငါ့အတွက်ရှင်သန်ခွင့်လေး ပေးပါနော်.....


4 comments:

သီရိ said...

Woow! အရမ်းကောင်းတယ် အစ်ကို ဒီကဗျာလေ.. တကယ်မိုက်တယ်..

ရစ် said...

ကဗျာကတော့
အလန်းဇယားပါပဲ
လူတွေလန်းဖို့ပဲကျန်တော့တယ်နော့.....P:
ခင်မင်စွာဖြင့်......

Lps said...

လန်းထှာာာာာာာာာဗျာ အားပေးခဲ့တယ်နော်

ချစ်စံအိမ် said...

ကဗျာလေးဖတ်သွားပါတယ်...