Monday 6 February 2012

ညီမလေးရဲ့ ဒီဘဝလေး....

     
       ညီမလေး
ဒီဘဝအရေးက ညီမလေးပါ...
အညီမျှတွေးဖို့  အချီချနှေးတဲ့
ညီမလေးရဲ့ အသိုင်းဝိုင်းတွေကြား
ကိုယ်က ရိုင်းစိုင်းနေပြီလား...

        ညီမလေး
တစ်ခဏမဟုတ်တဲ့ ဒီအတွေး
ညီမလေးကိုပေးလို့  အိပ်တွေရက်ရှည်ခဲ့ပြီ..
မျှော်လင့်ချက်နဲ့ မျှော်လင့်ခြင်း
ကိုယ့်အတွက်လတစ်စင်းက
ညီမလေး မင်းပဲ..

          ညီမလေး
ဖွင့်မဟရဲတဲ့စကား ရင်ထဲကသာကြားသိမယ်ဆို
ညီမလေးအပေါ်ထား မေတ္တာတရား
ခပ်ပါးပါးတော့မဟုတ်ရပါဘူး..

        ညီမလေးရယ်
ဆုံဆည်းခွင့်တွေ ပိုင်ဆိုင်ဆွတ်ယူဖို့ 
တောင်းတနေမိတဲ့ ကိုယ့်လိုလူတစ်ယောက်အတွက်
ချစ်ခြင်းဆိုတာတွေ ညင်သာနူးညံ့မှုအောက်
ခံစားခြင်းရစ်ပတ်မှုနွံထဲမှာ
ညီမလေးနဲ့ အတူ ထာဝရနစ်မြှပ်ခွင့်ပေးပါလား....


(ကျွန်တော်ကိုတဂျီးဂျီးတောင်းဆိုတတ်တဲ့
ကော့သောင်းသားလေးအတွက်
ရင်ဘတ်ဌားရေးဖွဲ့  ထားပါသည်။)
                                                    လေလွင့်လူ(ကမာမြေ)

5 comments:

အလင်းသစ် said...

ကတောက်....အဲဒီညီမလေးကျတော့ အချစ်ကို မကိုးကွယ်ဘူးနဲ့ တူပါရဲ့ ညီလေးရာ... :)

Thameesan said...

ညီမလေးရယ်...
စိုးရိမ်မိတယ်း))

Anonymous said...

ကော့သောင်းသားလေးရဲ့
ခေါင်းငှားပြီး ..
ရင်တွင်းခံစားချက်ကို
ထုတ်ပြတယ်တော့.......။
လွှဲချတာ..လွှဲချတာ ..... အဟီးးးးးးးး

Lps said...

ညီမလေး
တစ်ခဏမဟုတ်တဲ့ ဒီအတွေး
ညီမလေးကိုပေးလို့  အိပ်တွေရက်ရှည်ခဲ့ပြီ..
မျှော်လင့်ချက်နဲ့ မျှော်လင့်ခြင်း
ကိုယ့်အတွက်လတစ်စင်းက
ညီမလေး မင်းပဲ ခံစားခဲ့တယ်နော်
ခင်မင်စွာဖြင့် (လွမ်း)

ဖိုးခွား(ဘိတ်သားလေး)။ said...

ဒီ ကဗျားလေးကို ၆ရမ်း ကြိုက်တယ်ဗျာ ..

Post a Comment